တစ်ပြည် ၂၅၀၀ ဖြင့် ရောင်းချပေးနေသည့် ဧည့်မထအရောင်းဆိုင်များ အရှုံးပေါ်နေ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စီမံမှုဖြင့် ဈေးကွက်အတွင်း တစ်ပြည် ၂၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေသည့် ဧည့်မထဆန်အရောင်းဆိုင်များ အရှုံးပေါ်နေကြောင်း အရောင်း ဆိုင်များ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်မှစ၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၇ ခု၏ လူနေရပ်ကွက်များနှင့် ဈေးများရှိ ဆန်ဆိုင်ပေါင်း ၄၂ ဆိုင်မှတစ်ဆင့် ဧည့်မထ အမျိုးအစား ဆန်တစ် ပြည်လျင် ၂,၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

“ ဝယ်တယ့်သူတွေအတွက်ကတော့ တစ်ပြည် ၂၅၀၀ ကျပ်ဆိုတာ သက်သာတာပေါ့။ ကျွန်တော်တို့က အရှုံးခံပြီးရောင်းပေးရတာ” ဟု သာကေတတွင် ဆန်ရောင်းချပေးနေသူ တစ် ဦးက ပြောသည်။

အဆိုပါ မြို့နယ်အလိုက် ရောင်းချပေးသည့် ဆန်ဆိုင်များမှာ လှိုင်သာယာတွင် (၇)ဆိုင်၊ ရွှေပြည်သာတွင် (၄) ဆိုင်၊ တောင်ဒဂုံတွင် (၄) ဆိုင်၊ မြောက်ဥက္ကလာပတွင် (၅)ဆိုင်၊ မြောက် ဒဂုံတွင် (၂) ဆိုင်၊ ဒဂုံဆိပ်ကမ်းတွင် (၁)ဆိုင်၊ အရှေ့ဒဂုံတွင် (၂)ဆိုင်၊ သင်္ဃန်းကျွန်းတွင် (၃) ဆိုင်၊ ပုဇွန်တောင်တွင် (၁) ဆိုင်၊ သာကေတတွင် (၁)ဆိုင်၊ ဒေါပုံတွင် (၂) ဆိုင်၊ ဒလတွင် (၃) ဆိုင်၊ ကြည့်မြင်တိုင်တွင် (၁) ဆိုင်၊ အလုံတွင် (၁) ဆိုင်၊ ဆိတ်ကြီးခနောင်တိုတွင် (၁)ဆိုင်၊ မင်္ဂလာဒုံတွင် (၃) ဆိုင်၊ အင်းစိန်တွင် (၁) ဆိုင် စသည်ဖြင့် မြို့နယ် ၁၇ ခုရှိ ဆန်ဆိုင်ပေါင်း ၄၂ ဆိုင်မှတစ်ဆင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးခြင်းကို အောက်တိုဘာလဆန်းပိုင်းအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိဈေးကွက်အတွင်း ဆန်ဈေးနှုန်းသည် ဈေးအမြင့်‌ပိုင်းတွင် ငြိမ်နေကြောင်း လက်လီအရောင်းဆိုင်များ၏ ပြောပြချက်အရ သိရသည်။

စုစု

ဓာတ်ပုံ-မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

#ယနေ့ခေတ်

တစ်ပြည် ၂၅၀၀ ဖြင့် ရောင်းချပေးနေသည့် ဧည့်မထအရောင်းဆိုင်များ အရှုံးပေါ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.