ရန်ကုန်၊ ဇွန် ၂၅
တစ်နှစ်ကျော်ပိတ်ထားသည့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး- ခမ်းပတ်ကားလမ်းကို သက်ဆိုင်ရာက ဇွန်လ ၂၂ ရက်၊ မနက်ပိုင်းမှစတင်ပြီး ပြန်လည်ဖွင့်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။
“တမူးမြို့နဲ့ ခမ်းပတ်မြို့ကို အဓိကဆက်သွယ်ထားတဲ့ကားလမ်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့တာ။ အခု အဲ့ဒီခမ်းပတ်-တမူးကားလမ်းကို ပြန်လည်ဖွင့်ပေးထားပါပြီ။ စစ်ရေးအခြေအနေကြောင့် ပိတ်ခဲ့တာပါ။” ဟု ဒေသခံကားသမားတစ်ဦးက ပြောသည်။
အဆိုပါကားလမ်းကို ပြန်လည်ဖွင့်ပေးလိုက်သည့်အတွက် ခမ်းပတ်မြို့တွင် ကုန်ဈေးနှုန်းကျဆင်းနိုင်ပြီး ဒေသခံပြည်သူများလည်း ကျန်းမာရေး၊ လူမှုရေးကိစွများအတွက် ပိုအဆင် ပြေလာနိုင်ကြောင်း ဒေသခံများက ဆိုသည်။
“လက်ရှိ ကားလမ်းတစ်လျောက်မှာ စစ်ဆေးရေးဂိတ်တွေ ချထားတာတွေ့ရတယ်။ ကားတွေတော့ မပြတ်ဖြတ်သန်းနေတာတွေ့ရတယ်။” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြော သည်။
ခမ်းပတ်-တမူးကားလမ်းကို ပြန်လည်ဖွင့်ပေးထားသော်လည်း ခမ်းပတ်-ကလေးကားလမ်းကို ပြန်လည်ဖွင့်ပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ခန့်ခန့်
ယနေ့ခေတ်
တစ်နှစ်ကြာပိတ်ထားသည့် တမူး-ခမ်းပတ်ကားလမ်း ပြန်ဖွင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်