တစ်နေ့လျှင် လျှပ်စစ်မီး လေးနာရီသာရရှိတော့မည် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၄

တစ်နေ့လျှင် လျှပ်စစ်မီး ၈ နာရီသာရရှိရာမှ ယခုအခါ လေးနာရီသာရရှိတော့မည်ဖြစ်ကြောင်း YESC မှ သိရသည်။

ဝန်အားမမျှခြင်းကြောင့် အရေးပေါ်ဝန်အား လျှော့ချခဲ့ရသည့်အတွက် လျှပ်စစ်မီးကို လုံလောက်စွာမပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“ အကြောင်းအမျိုးမျိုးကြောင့် ဝန်အားလျှော့ချလိုက်တာပါ။ အရင်ထက် ပြတ်ချိန်ပိုများသွားတာပေါ့။ ဝန်အားနိုင်တာနဲ့ ဓာတ်အားချက်ခြင်းပေးမှာပါ။” ဟု YESC မှ ဝာာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နစကအနေဖြင့် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရရှိရန် ဆောင်ရွက်နေသော်လည်း တစ်နိုင်ငံလုံးတွင် ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်ခန့်ရှိကြောင်း၊ လက်ရှိတွင် တစ်ရက်လျှင် မဂ္ဂါဝပ် ၂၈၀၀ လောက်သာ ထုတ်လုပ်နိုင်သည့်အတွက် နိုင်ငံတစ်ဝန်း ၅၀ ရာခိုင်နှုန်းသာ လျှပ်စစ်မီးပေးနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

တစ်နေ့လျှင် လျှပ်စစ်မီး လေးနာရီသာရရှိတော့မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.