တင်သွင်းမည့်ကုန်စည် ၇ မျိုးအတွက် နိုင်ငံခြားငွေ ရောင်းပေးမည်ဟု ကြေညာထား သော်လည်း လုပ်ငန်းရှင်များဝယ်မရ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၄

ပြည်တွင်းသို့ နယ်စပ်မှတစ်ဆင့်တင်သွင်းမည့် ကုန်ပစ္စည်း ၇ မျိုးအတွက် နိုင်ငံခြားငွေ ရောင်းချပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အသိပေးကြေညာ ထားသော်လည်း လက်တွေ့တွင် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူ၍မရကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“ အခုထိတော့မရောင်းပေးဘူး။ Export ရတဲ့ငွေနဲ့ Import ကိုပြန်လုပ်နေရတာ။ သူတို့ကသာ ရောင်းပေးမယ်ပြောတာ။ တစ်ကယ်တမ်းကျ ဝယ်လို့မရဘူး” ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အဆိုပါ ခွင့်ပြုပေးထားသည့်ကုန်ပစ္စည်း (၇) မျိုးမှာ သံ/သံမဏိ၊ ကော်စေ့၊ ပိုး သတ်ဆေး၊ ဓာတ်မြေဩဇာ၊ ဆိုလာနှင့် ယာဉ်ယန္တရားများပါဝင်ကြောင်း သိရသည်။

ထို့ပြင် ရောင်းချပေးမည့် ငွေကြေးပမာဏကို သတ်မှတ်မထားသော်လည်း Online Trading အစီအစဉ်မှ ဗဟိုဘဏ်ရည်ညွှန်းဈေးအတိုင်း နိုင်ငံခြားငွေ ရောင်းချပေးမည်ဖြစ် ကြောင်း သိရသည်။

၎င်းတို့ဘက်က နိုင်ငံခြားငွေရောင်းပေးသော်လည်း ကုန်သည်များအနေဖြင့် အမြတ်ရရှိမည်မဟုတ်ကြောင်း၊ လက်တွေ့ဈေးကွက်တွင် ပြင်ပပေါက်ဈေးဖြင့်သာ အရောင်းအဝယ်ပြု လုပ်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

စုစု

ဓာတ်ပုံ- အင်တာနက်

#ယနေ့ခေတ်

တင်သွင်းမည့်ကုန်စည် ၇ မျိုးအတွက် နိုင်ငံခြားငွေ ရောင်းပေးမည်ဟု ကြေညာထား သော်လည်း လုပ်ငန်းရှင်များဝယ်မရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.