ညောင်ဦးမြို့၌ နေအိမ်တစ်လုံးမီးလောင် ၁၅ ရက်သားကလေးတစ်ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၌ နေအိမ်တစ်လုံး မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းခဲ့ပြီး၊ ၁၅ ရက်သားအရွယ် မိန်းကလေးငယ်တစ်ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့‌နံနက် ၉ နာရီ ၅ မိနစ်ခန့်က၊ ညောင်ဦးမြို့၊ တောင်ဇင်းတိုက်နယ်၊ မြောက်ဘက်တစ်မိုင်ကွာ၊ တောင်ဇင်းကျေးရွာအုပ်စု၊ ရွှေလှိုင်ကျေးရွာတွင် ထမင်းဟင်းချက်ပြုတ်အပြီး၊ မီး ကြွင်းမီးကျန်မှတဆင့် နေအိမ်ထရံကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ၊ ၁၅ ရက်သား မိန်းကလေးငယ်တစ်ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ အိမ်က မြေစိုက်အိမ်ပါ။ အမျိုးသမီးက ထမင်းဟင်းချက်ပြီးတော့ ကျန်ခဲ့တဲ့မီးစကနေ‌ ထရံကိုကူးစက်လောင်တာပါ။ အမျိုးသမီးက အိမ်မှာမရှိဘူး။ ကလေးက အိပ်ပျော်ရင်း ကျန် ခဲ့တာပါ။ ကလေးက မီးထဲပါသွားပြီး၊ မီးလောင်သေဆုံးသွားပါတယ်။” ဟု ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါမီးလောင်မှုသည် နံနက် ၉ နာရီ ၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၉ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-ညောင်ဦးမီးသတ်

ယနေ့ခေတ်

ညောင်ဦးမြို့၌ နေအိမ်တစ်လုံးမီးလောင် ၁၅ ရက်သားကလေးတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.