ရန်ကုန်၊ ဧပြီ ၂၄
မန္တလေးတိုင်း၊ ညောင်ဦးမြို့ အမှတ်(၁)ရပ်ကွက်တွင် လူငယ်လေးဦး မြစ်ဆိပ်တွင်ရေဆင်းချိုးရာက ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဧပြီ ၂၃ ရက်၊ နေ့လည် ၁၂ နာရီခန့်က၊ ညောင်ဦးမြို့အမှတ်(၁)ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်တွင် လူငယ်လေးဦး ရေဆင်းချိုးရာမှတဆင့် ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရ သည်။

“သူငယ်ချင်းလေးယောက် ရေဆင်းချိုးတာ။ မနက် ၁၀ နာရီလောက်က။ နေ့လည် ၁၂ နာရီမှာ ရေနစ်တာ။ အသက်တွေက ၁၇ နှစ်၊ ၁၃ နှစ်၊ ၁၅ နှစ်၊ ၁၄ နှစ်တွေပဲ။ ရေနစ်သေဆုံးသွားတဲ့ကလေးတွေရဲ့ မိသားစုတွေသိရပါပြီ။ ကျွန်တော်တို့မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံလူမှုကူညီးရေးအသင်းရယ် ပြည်သူတွေပါ ဝိုင်းဝန်းရှာစုပေါင်းရှာဖွေပေခဲ့ပါတယ်။” ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ရေနစ်သေဆုံးသွားခဲ့သည့် လူငယ်လေးဦးကို ဂရုဏာရှင်လူမှုကူညီရေးအသင်းကားဖြင့် ညောင်ဦးမြို့နယ်ရှိ ကုတင် ၂၀၀ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့
#ယနေ့ခေတ်
ညောင်ဦးမြို့တွင် လူငယ်လေးဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်