ညောင်လေးပင်၌ လက်နက်ကြီးကျည်ထိမှန်၍ ကလေးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၄

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ငတိုးခင်ကျေးရွာ၌ လက်နက်ကြီးကျည်ထိမှန်၍ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရကြောင်း KNU မှ သတင်းထုတ် ပြန်ထားသည်။

အောက်တိုဘာ ၂ ရက်၊ ည ၉ နာရီကျော်က KNU ၏ ထိန်းချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်းရှိ ငတိုးခင်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ် ခတ်ခံရ၍ ကျေးရွာအတွင်းနေထိုင်သူ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးတို့၌ ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိ ရသည်။

“ လက်နက်ကြီး ရှစ်လုံးပစ်တာ၊ တစ်လုံးက ရွာထဲကိုကျပြီး ထိခိုက်ဒဏ်ရာရတာ။” ဟု KNU ၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိ၌ ဒဏ်ရာရရှိသူနှစ်ဦးမှာ KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ဆေးခန်းတစ်ခုတွင် ဆေးကုသနေသည်ဟု သိရသည်။

ညောင်လေးပင်မြို့နယ်အတွင်း ယခုရက်ပိုင်း၌ နစကတပ်များနှင့် KNU နှင့် PDF ပူးပေါင်းအဖွဲ့များအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကာ ဒေသခံတစ် သောင်းနီးပါးခန့် စစ်ရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ယခင်က တိုက်ပွဲများဖြစ်ပွားခြင်းမရှိခဲ့သည့် ပဲခူးတိုင်းအတွင်း ယခုနှစ်အစပိုင်းမှစ၍ နှစ်ဖက်ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကာ ယခုလပိုင်းအတွင်း တိုက်ပွဲများပိုမိုပြင်းထန် လာသည်ဟု ဒေသခံများက ပြောသည်။

မောင်ဇော်

ဓာတ်ပုံ – KNU

#ယနေ့ခေတ်

ညောင်လေးပင်၌ လက်နက်ကြီးကျည်ထိမှန်၍ ကလေးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.