ညောင်ရွှေမြို့တွင် စစ်ဘေးရှောင် ၂၅၀၀ ကျော် စားဝတ်​နေ​ရေးအကူအညီ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်သို့ ရောက်ရှိနေသည့် စစ်​ဘေး​ရှောင်ကရင်နီများ စားဝတ်နေရေးအကူအညီများ အရးပေါ်လိုအပ်နေ​ကြောင်း ​ညောင်​ရွှေစစ်​ဘေး​ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ စစ်ဘေးရှောင် ကရင်နီလူမျိုးများ နိုဝင်ဘာ ၁၁ ရက်​နေ့ကတည်းက တစ်စုပြီးတစ်စု ​ရောက်ရှိလာကြပါတယ်။ ယ​နေ့ထိ ​ရောက်ရှိလာတုန်းပါပဲ။ အဓိကလိုတာက စစ်​ဘေး​ရှောင် စခန်းမှာ လူ ၂၅၀၀ ​ကျော်​လောက်​ရှိပါတယ်။ ​ငွေ​ကြေးအဆင်​ပြေတဲ့သူ​တွေက ရပ်ကွက်​တွေထဲမှာ အိမ်ငှားနေကြတယ်။ လက်ရှိ စစ်​ဘေး​ရှောင်စခန်းမှာ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနဲ့ ချက်ပြုတ်စရာတွေ၊ စောင်တွေ၊ အနွေးထည်တွေလိုအပ်​နေပါတယ်။” ဟု ညောင်​ရွှေစစ်​ဘေး​ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တို့မှ ပြောင်းရွှေ့လာကြသည့် စစ်​ဘေး​ရှောင်လူဦးရေ ၂၅၀၀ ကျော်တို့ ​ညောင်​ရွှေစစ်​​ဘေး​ရှောင်စခန်းသို့ ​ရောက်ရှိ​နေ​ကြောင်း၊ ညောင်​ရွှေစစ်​ဘေး​ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အလားတူ ​ညောင်​ရွှေစစ်ဘေးရှောင်စခန်းသို့ ​​ရောက်ရှိ​နေသူများအနက် လက်နက်ကြီးကျည်ထိမှန်ထားသူများနှင့် လမ်းမလျှောက်နိုင်သူ နာတာရှည်ရောဂါသည်များလည်း ပါဝင်​နေခြင်းကြောင့် ဆေးဝါးအကူအညီလိုအပ်နေ​ကြောင်း ညောင်​ရွှေစစ်​ဘေး​ရှောင်စခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

ညောင်ရွှေမြို့တွင် စစ်ဘေးရှောင် ၂၅၀၀ ကျော် စားဝတ်​နေ​ရေးအကူအညီ အရေးပေါ်လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.