ညောင်တုန်း၊ သြဂုတ် ၁
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကျောင်းဆရာမ ၂ ဦးအပါအဝင် CDM ပြုလုပ်ထားသည့် ကျောင်းဆရာ၊ ဆရာမ ၄ ဦးကို တာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးနေ ကြောင်း သိရသည်။
CDM ကျောင်းဆရာ၊ ဆရာမ ၄ ဦးကို ပြီးခဲ့သည့် ဇူလိုင်နောက်ဆုံးအပတ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းတို့သည် မူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကာ လက်ရှိ ညောင်တုန်းမြို့မရဲစခန်းတွင် စစ်ဆေးနေကြောင်း ရဲစခန်းနှင့်နီးစပ်သူများထံမှ သိရသည်။
” အဖမ်းခံရတဲ့ ဆရာ၊ ဆရာမတွေက CDM လုပ်ထားတာကြာပြီ၊ ဘယ်လိုအဖမ်းခံရမသိဘူး။ မနေ့ကမှသိရတာ။ အားလုံးနဲ့ ရင်းနှီးတယ်။ တတ်နိုင်သရွေ့တော့ကူ ညီပေးမယ်။ ဆ ရာမ ၂ ဦးပါတယ်။” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောသည်။
အဖမ်းခံရသည့် ဆရာ၊ ဆရာမ ၄ ဦးကို သက်ဆိုင်ရာမှ ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်နေသည်ဟု ရဲခန်းနှင့်နီးစပ်သူက ဆိုသည်။
ညောင်တုန်းမြို့တွင် ပြီးခဲ့သည့်ဇွန်လအတွင်းကလည်း NUG ၊ PDF အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟုဆိုကာ လူ ၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသေးကြောင်း သိရသည်။
#Highlight
ညောင်တုန်းမြို့နယ်တွင် CDM ပြုလုပ်ထားသည့် ကျောင်းဆရာမ ၂ ဦး အပါအဝင် ၄ ဦးကို ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်