ညမထွက်ရအမိန့် တစ်ရက်တာပယ်ဖျက်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် သတ်မှတ်ထားသည့် ညမထွက်ရအမိန့်ကို ဒီဇင်ဘာလ ၃၁ ရက်၊ တစ်ရက်တာ ပယ်ဖျက်ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရ သည်။

2025 Countdown Festival ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် မန္တလေးနှင့် ရန်ကုန်တိုင်းတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ မနက်ဖြန်တစ်ရက်ကိုတော့ ညမထွက်ရအမိန့် ပယ်ဖျက်ပေးထားတယ်။ ဒါကလည်း ပျော်တဲ့သူတွေကို လွတ်လွတ်လပ်လပ်ပျော်စေချင်လို့ပါ။ နောက်ရက်တွေကျရင်တော့ ပုံမှန်အတိုင်းပါပဲ။” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းမှ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်အထိ ပယ်ဖျက်ပေးထားကြောင်း သိရသည်။

ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဆိပ်ကြီးခနောင်တိုနှင့် ဒလမြို့နယ်မှလွဲ၍ ကျန်သည့် ၃၁ မြို့နယ်ကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။ ယင်းကန့်သတ်တားမြစ်မိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ မြို့နယ် ၃၁ မြို့နယ်ကို မနက် ၁ နာရီမှ ၃ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး၊ ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်ရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များကို ယခင်ကထုတ်ပြန်ထားသည့် မနက် ၁ နာရီမှ ၃ နာရီအတွင်း ညမထွက်ရအမိန့်အစား ည ၁၀ နာရီမှ မနက် ၅ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ – #စုစု

ညမထွက်ရအမိန့် တစ်ရက်တာပယ်ဖျက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.