ဈေးကွက်အတွင်း သွင်းကုန်ဆေးဝါးများ ထပ်မံပြတ်လပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံခြားဖြစ်ဆေးဝါးများ ဈေးကွက်အတွင်း ထပ်မံပြတ်လပ်မှုဖြစ်ပေါ်နေကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။

နိုင်ငံခြားငွေ အများအပြားသုံးစွဲနေရသည့် သွင်းကုန်များကို အရေးကြီးကုန်စည်မှအပ အခြားသောကုန်စည်များကို အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ပြုထားခြင်းကြောင့် ဈေး ကွက်အတွင်း မကြာခဏပစ္စည်းပြတ်လျက်ရှိကြောင်း သိရသည်။

“ အခုဆို ဆေးတွေက အကုန်တော်တော်များများပြတ်နေတယ်။ ဝယ်မရဘူး။ ဒီလိုပစ္စည်းခဏခဏပြတ်နေရင် ဆေးစွဲသောက်နေရတဲ့သူတွေအကုန် ဒုက္ခရောက်ကုန်မှာပေါ့။ စွဲသောက်နေရတဲ့ဆေးတွေဆို လုံးဝကိုဝယ်မရဘူး။ အထူးသဖြင့် သွေးကျဲဆေး၊ အကိုက်အခဲပျောက်ဆေး၊ သွေးကျဆေး၊ ဆီချိုဆေး၊ နှလုံးဆေး၊ လေဆေးနဲ့ တခြားဆေးတွေလည်း ပြတ်နေတာရှိတယ်။” ဟု ဆေးစွဲသောက်နေရသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစတင်ကာ ဆေးဝါးများအတွက် သွင်းကုန်လိုင်စင်များ ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လမှစတင်ကာ ဆေးဝါးများအတွက် သွင်းကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများမှ အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း၊ ယခုအခါ ပြည်တွင်း၌ အများပြည်သူအသုံးများသော အိမ်သုံးဆေးများဖြစ်သည့် အကိုက်အခဲပျောက်ဆေး၊ အာရုံကြောအားဆေး၊ ဒဏ်ကြေး‌လိမ်းဆေးအပါအဝင် နာတာရှည်ရောဂါသည်များသုံးစွဲသည့် ဆေးဝါးများသည် ပစ္စည်းပြတ် လပ်မှုရှိသလို ယခင်ထက် ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်သည်။

#စုစု

ဓာတ်ပုံ – ဆေးဥယျာဉ် ဆေးဆိုင်

ဈေးကွက်အတွင်း သွင်းကုန်ဆေးဝါးများ ထပ်မံပြတ်လပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.