ဇန်နဝါရီ ၇ ရက်တွင် ဂျိုးဖြူရေပြတ်တောက်မည် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၆

ဂျိုးဖြူရေပိုက်လိုင်း ပြုပြင်မည်ဖြစ်သည့်အတွက် ဇန်နဝါရီ ၇ ရက်တွင် ဂျိုးဖြူရေပြတ်တောက်မည်ဖြစ်ကြောင်း ရေနှင့် ရေသန့်ရှင်းရေးဌာနမှ သိရသည်။

ရေပိုက်ပေါက်ပြုပြင်ခြင်းလုပ်ငန်းအား အ‌ရေးပေါ်ဆောင်ရွက်နိုင်ရန် ဂျိုးဖြူရေလှောင်ကန် ပိုက်လိုင်းအရင်းမှ ရေဘားပိတ်ခြင်း၊ ထပ်ဆင့်ရေတွန်းစက်ရုံကြီးများဖြစ်သော ပျော်ဘွယ်စု ရေတွန်းစက်ရုံ၊ ရေကူး ရေတွန်းစက်ရုံများ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

“ ပိုက်လိုင်းပေါက်လို့ ပြန်ပြင်ရမှာ။ မနက်ဖြန်မှပါ။ နေ့တပိုင်းလောက်ပဲ ရေကိုပိတ်ထားမှာပါ။ ပြင်ပြီးတာနဲ့ ချက်ခြင်းရေပိုက်လိုင်းဖွင့်ပါမယ်။” ဟု ရေနှင့်ရေသန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂျိုးဖြူရေကို ပိုက်လိုင်းမှ တိုက်ရိုက်သုံးစွဲလျက်ရှိသော မင်္ဂလာဒုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပမြို့နယ်များတွင်လည်း‌ကောင်း၊ ရေကူး ရေတွန်းစက်မှတဆင့် သုံးစွဲလျက်ရှိသော ရန်ကင်း၊ ကမာရွတ်၊ တာမွေ၊ တောင်ဥက္ကလာပ၊ ဗဟန်းမြို့နယ်များတွင်လည်း‌‌ကောင်း၊ ရေကူး ရေတွန်းစက်မှတွန်းတင်ပြီး ကုက္ကိုင်းရေ‌ဖြန့်ဖြူပေးဝေရေး ရေလှောင်မှ Gravity Flow ဖြင့် ရယူသုံးစွဲလျက်ရှိသော ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်မြို့နယ်များတွင်လည်းကောင်း ရေပေးဝေမှု ယာယီပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

ယခုဇန်နဝါရီလဆန်းပိုင်းမှစတင်ပြီး လျှပ်စစ်မီးဆိုးဝါးစွာပြတ်တောက်မှုကြောင့် တိုက်ခန်းများတွင် နေထိုင်သူများသည် လက်တွန်းလှည်းများမှ ရေဝယ်သုံးနေရကြောင်း သိရသည်။

“ ရေကမီးလာမှတင်လို့ရတာလေ။ မီးကတနေကုန်မလာတော့ ရေပါမရဘူး။ ဝယ်သုံးနေရတယ်။ အခု ရေပါထပ်ပြတ်မယ်ဆိုတော့ ပြောစရာတောင်မရှိတော့ဘူး။” ဟု တောင်ဥက္ကလာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

#စုစု

ဇန်နဝါရီ ၇ ရက်တွင် ဂျိုးဖြူရေပြတ်တောက်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.