ရန်ကုန်၊ မတ် ၉
ဆေးရုံများတွင် ဆေးဝါးကုသမှုခံယူနေရသည့် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရန် ဆေးရုံစာဖြေဌာနလေးခုစီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့ ညှိနှိုင်းထားချက်အရ ၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက်မှ ၂၂ ရက်အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူနေကြရသည့် ကျောင်းသား/ကျောင်းသူများ နစ်နာမှုမရှိစေရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
“ ဆေးရုံတွေမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကျောင်းသားတွေ စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးရလေအောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ သက်ဆိုင်ရာဆေးရုံရဲ့ လူမှုဆက်ဆံရေးဌာနကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။” ဟု စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ဆေးရုံစာဖြေဌာနလေးခုမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံနှင့် သင် ကြားရေးဆေးရုံကြီးတို့တွင် ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် လက်ရှိအချိန်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/ကျောင်းသူဦးရေ ၂၂၀,၀၀၀ ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ – #စုစု
#ယနေ့ခေတ်
ဆေးဝါးကုသမှုခံယူနေသည့် ကျောင်းသား/ကျောင်းသူများအတွက် ဆေးရုံစာဖြေဌာနလေးခုစီစဉ်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်