ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုခွင့်ပေးခြင်းကို ပိတ်ပင်ရန်ပြန်လည် စီစဉ်သွားမည်ဟု ထိုင်းအစိုးရ ဆို

ဘန်ကောက်၊ ဖေဖော်ဝါရီ ၇

၂၀၂၂ ခုနှစ်တွင် ဆေးခြောက်ကို ပိတ်ပင်တားမြစ်ထေားသော မူးယစ်ဆေးဝါးအဖြစ်မှ ဖယ်ရှားခဲ့သော်လည်း လက်ရှိအချိန်တွင် ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုသောပစ္စည်းအဖြစ် အသုံးပြုခြင်းကို ပိတ်ပင်မည့်ဥပဒေမူကြမ်းကို အလျင်မြန်လုပ်ဆောင်ရန် စီစဉ်နေကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးက ပြောသည်။

ထိုင်းနိုင်ငံတဝှမ်းတွင် ဆေးခြောက်သုံးစွဲသူအရေတွက် မြင့်တက်လာခဲ့ပြီးနောက် ထိုင်းအစိုးရက နိုင်ငံအတွင်း ဆေးခြောက်သုံးစွဲမှုမြင့်တက်လာခြင်းကို လျော့ချနိုင်ရန်အတွက် ဆေး ခြောက်သုံးစွဲမှု ခွင့်ပြုခြင်းကို ပြန်လည်ပိတ်ပင်ရန် စီစဉ်လာခြင်းဖြစ်ပြီး ဝေဖန်မှုများလည်းမြင့်တက်နေကြောင်း ထိုင်းလူမူကွန်ရက်များတွင် ဖော်ပြထားသည်။

ထိုင်းကျန်းမာရေးဝန်ကြီး ချိုလန် ဆရီကော်က “ ဥပဒေမူကြမ်းအသစ်ထဲမှာ ဆေးခြောက်ကို ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာရည်ရွယ်ချက်နဲ့ပတ်သက်ပြီး အသုံးပြုဖို့ ခွင့်ပြုပေးမှာဖြစ်တယ်။ ဒါပေမယ့် ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုခွင့်ပေးမယ့်အချက်ကိုတော့ တားမြစ်ပိတ်ပင်သွားမယ်။ ပြည်သူတွေဟာ ဆေးခြောက်ကို မှားယွင်းသုံးစွဲနေတယ်။” ဟုပြောသည်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လာမည့်သီတင်းပတ်အတွင်းကျင်းပမည့် အစည်းအဝေးတွင် ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုသော ပစ္စည်းအဖြစ်အသုံးပြုခြင်းကိုတားမြစ်ပိတ်ပင်နိုင်ရန် စတင်အဆိုပြုမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သောသီတင်းပတ်အတွင်း ကျင်းပခဲ့သော ဂီတဖျော်ဖြေပွဲတစ်ခုတွင် ခန်းမတစ်ခုလုံး ဆေးခြောက်သုံးစွဲသောအနံများ ဖုံးလွမ်းနေခဲ့ကြောင်း လူမူကွန်ရက်များတွင် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်ခဲ့သည်။

ဆေးခြောက်ကိုအသုံးပြုရာတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် အပန်းဖြေရာတွင်အသုံးပြုသော ပစ္စည်းအဖြစ် အဓိကထားအသုံးပြုနေကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ ဦးဆောင်သောလက်ထက်တွင် ဆေးခြောက်သုံးစွဲခြင်းကို ခွင့်ပြုခဲ့ပြီး အိမ်များတွင် စိုက်ပျိုးခြင်းများရှိနေကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုခွင့်ပေးခြင်းကို ပိတ်ပင်ရန်ပြန်လည် စီစဉ်သွားမည်ဟု ထိုင်းအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.