နယူးယောက်၊ ဇွန် ၁၅
ဆူဒန်ပြည်သူစစ်အဖွဲ့များသည် ဗဟိုအာဖရိကနိုင်ငံတွင် လူသစ်စုဆောင်းခြင်းများလုပ်ဆောင်နေကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဆူဒန်နိုင်ငံတွင် ဆူဒန်စစ်တပ်နှင့် ပြည်သူစစ်အဖွဲ့ဖြစ်သော(RSF)အဖွဲ့ကြား အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် စစ်ပွဲများစတင်ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။
ဗဟိုအာဖရိကနိုင်ငံ၏အခြေနေကို စောင့်ကြည့်လေ့လာနေသော ကုလသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက “ ဆူဒန်နိုင်ငံရဲ့အခြေနေတွေဟာ ဗဟိုအာဖရိကနိုင်ငံတွေဆီကို သက်ရောက်မှုတွေရှိလာနေတယ်။ ဗဟိုအာဖရိကနိုင်ငံရှိ လက်နက်ကိုင်အုပ်စုတွေကို လူသစ်စုဆောင်းတာတွေလည်းရှိနေတယ်။” ဟု ပြောသည်။
ဆူဒန်နိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများကြောင့် လူပေါင်းသန်းချီ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။
ဆူဒန်ပြည်သူစစ်အဖွဲ့များသည် ဗဟိုအာဖရိကနိုင်ငံ နယ်စပ်ဒေသရှိ အမ်ဒါဖော့မြို့ကို အသုံးချနေပြီး အဆိုပါမြို့ကို သယ်ယူပို့ဆောင်ရေးအတွက် အဓိကမြို့အဖြစ်အသုံးချနေကြောင်း သိရသည်။
ဗဟိုအာဖရိကနိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် အိမ်နီးချင်းနိုင်ငံများမှ လက်နက်မှောင်ခိုမှုများကို တားဆီးရန် နိုင်ငံတကာအသိုင်းအဝိုင်းက သတိပေးနေသည်။
ဆူဒန်စစ်တပ်နှင့် ပြည်သူစစ်ကြား ဖြစ်ပွားနေသည့်စစ်ပွဲက အချိန်တစ်နှစ်ကျော်ကြာလာခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိဘဲ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။
ကောင်းထက်ငွေ
voanews.com
ဆူဒန်ပြည်သူစစ်များက ဗဟိုအာဖရိကနိုင်ငံတွင် လူသစ်စုဆောင်းနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်