ဆီးရီးယားနှင့် သဘောတူထားသော buffer zone ကို ထိန်းချုပ်ရန် အစ္စရေးဝန်ကြီးချုပ် အမိန့်ပေး

တဲလ်အဗစ်၊ ဒီဇင်ဘာ ၉

ဆီးရီးယားသမ္မတ အာဆက်ဒ် ဖြုတ်ချခံရပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဆီးရီးယားနှင့် အစ္စရေးနိုင်ငံနယ်စပ်ဒေသရှိ buffer zone ကို သိမ်းပိုက်ရန် အစ္စရေးစစ်တပ်ကို အမိန့်ပေးလိုက်ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်က ဆီးရီးယားအစိုးရပြုတ်ကျခဲ့ပြီးနောက် ဆီးရီးယားနှင့် အစ္စရေးနိုင်ငံကြား နှစ်ပေါင်း ၅၀ ကြာရရှိထားခဲ့သည့် သဘောတူညီချက်များလည်း ပြိုလဲသွားခဲ့ပြီး၊ ဆီးရီးယားတပ်ဖွဲ့များလည်း buffer zone ကို စွန့်လွှတ်သွားခဲ့ကြောင်း ပြောသည်။

အစ္စရေးဝန်ကြီးချုပ်သည် ၎င်းတို့သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသကို သွားရောက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်ကိုအမိန့်ပေးခဲ့ပြီး buffer zone ဝန်းကျင်တွင် အစ္စရေးတပ်ဖွဲ့ဝင်များကို ဖြန့်ကြတ်ချထားမည်ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ်က “ ဆီးရီးယားနိုင်ငံရဲ့ လက်ရှိအခြေနေတွေအရ အစ္စရေးဟာ buffer zone မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ဖြန့်ကြတ်ချထားမယ်။ ဂိုလန်ကုန်းမြင့်ဒေသမှာ နေ ထိုင်နေသူတွေနဲ့ အစ္စရေးနိုင်ငံသားတွေ ဘေးကင်းလုံခြုံစေဖို့ ကာကွယ်ရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေလုပ်ဆောင်သွားမယ်။ အစ္စရေးကိုကာကွယ်ဖို့ နဲ့ buffer zone မှာ တပ်တွေဖြန့်ကြတ်ချထားဖို့ လုပ်ဆောင်မှာဖြစ်တယ်။ ဒါပေမယ့် အစ္စရေးစစ်တပ်ဟာ ဆီးရီးယားနိုင်ငံရဲ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်တာမျိုး လုပ်မှာမဟုတ်ဘူး။” ဟု ပြောသည်။

ဆီးရီးယာလက်နက်ကိုင်အဖွဲ့မျာသည် ပြီးခဲ့သောသီတင်းပတ်များတွင် ဆီးရီးယားနိုင်ငံရှိ အဓိကမြို့များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၈ ရက်နေ့တွင် မြို့တော်ဒမ္မစကက်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဆီးရီးယားလက်နက်ကိုင်အဖွဲ့များက ဒမ္မစကက်မြိုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဆီးရီးယားသမ္မတ အာဆက်ဒ်လည်း ပြည်ပထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ဆီးရီးယားနှင့် သဘောတူထားသော buffer zone ကို ထိန်းချုပ်ရန် အစ္စရေးဝန်ကြီးချုပ် အမိန့်ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.