ဝါရှင်တန်၊ ဇန်နဝါရီ ၂၆
ဆီးရီးယားနိုင်ငံတွင် ဖြန့်ကြတ်ချထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းမည်မဟုတ်ကြောင်း အမေရိကန်စစ်ဌာနချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဆီးရီးယားနိုင်ငံတွင် ဖြန့်ကြတ်ချထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်က ယင်းကဲ့သို့တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရသည် Islamic State (IS) များကိုတိုက်ခိုက်ရန် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် တပ်ဖွဲ့ဝင်ပေါင်း ၉၀၀ ကျော် ဖြန့်ကြတ်ချထားကြောင်း သိရသည်။
အမေရိကန်လွှတ်တော်ကလည်း ဆီးရီးယားနိုင်ငံမှာဖြန့်ကြတ်ချထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်ရုတ်သိမ်းရန် ပြီးခဲ့သောနှစ်တွင် ဥပဒေမူကြမ်းရေးဆွဲတင်ပြခဲ့ဖူးကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ဆီးရီးယားလက်နက်ကိုင်အဖွဲ့များ၊ အီရတ်လက်နက်ကိုင်အဖွဲ့များသည် အမေရိကန်စစ်အခြေ စိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက Islamic State (IS) တွေကို ချေမှုန်းနိုင်ရန် ဆီးရီးယားအစိုးရအပြင် ကဒ်လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီ အစဉ်များကို ဆွေးနွေးနေကြောင်း ပြောဆိုထားသည်။
အီရတ်အစိုးရသည်လည်း နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်ရုတ်သိမ်းစေရန်အတွက် အမေရိကန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားပြီး၊ အမေရိကန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။
ကောင်းထက်ငွေ
iranintl.com/en
ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ရုတ်သိမ်းမည်မဟုတ်ကြောင်း အမေရိကန်စစ်တပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်