ဒမ္မစကက်၊ ဒီဇင်ဘာ ၈
ဆီးရီးယားစစ်တပ်သည် ဆီးရီးယားသမ္မတ ဘာရှားအာဆက်ဒ်၏ အုပ်ချုပ်မှုခေတ် ကုန်ဆုံးသွားပြီဆိုသည်ကို လက်ခံသိရှိထားကြောင်း ဆီးရီးယားတပ်မှူးက ပြောသည်။
ဆီးရီးယားလက်နက်ကိုင်အဖွဲ့သည် ဆီးရီးယားမြို့တော် ဒမ္မစကက်မြို့နားအထိ ထိုးဖောက်တိုက်ခိုက်လာနေပြီး ဒမ္မစကက်မြို့က ဆီးရီးယားသမ္မတအုပ်ချုပ်မှုမှ ကင်းလွတ်သောမြို့ဖြစ်လာမည်ဖြစ်ကြောင်း ပြောသည်။
ဆီးရီးယားလက်နက်ကိုင်အဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် သမ္မတအာဆက်ဒ်သည် ဒမ္မစကက်မြို့ကို စွန့်လွှတ်ထွက်ပြေးသွားကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။
ဆီးရီးယားလက်နက်ကိုင်အဖွဲ့က ၎င်းတို့မြို့အတွင်းသို့ ဝင်ရောက်လာချိန်တွင် စစ်သားများကို မြို့အတွင်းဖြန့် ကြတ်ချထားခြင်းမရှိကြောင်း ပြောသည်။
ဒမ္မစကက်မြို့ ရင်ပြင်နှင့် လမ်းများပေါ်ရှိကားများတွင် လူအများက အလံများဝှေ့ယမ်းပြီး ဒမ္မစကက်မြို့က လွတ်မြောက်သွားပြီဖြစ်ကြောင်း မျက်မြင်သက်သေများကပြောသည်။
လက်နက်ကိုင်အဖွဲ့များက “ ဆီးရီးယားပြည်သူများနဲ့အတူ အောင်ပွဲခံခဲ့တယ်။ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တယ်။ Sednaya အကျဉ်းထောင်မှာ မမျှတဲ့ခေတ်ကုန်သွားပြီ။” ဟု ပြောသည်။
အဆိုပါအကျဉ်းထောင်သည် ဒမ္မစကက်မြို့အစွန်ရှိ အကြီးမားဆုံးအကျဉ်းထောင်ဖြစ်ကြောင်း သိရသည်။
ဆီးရီးယား၏ အဓိကအတိုက်ခံအုပ်စုဖြစ်သော Hadi al-Bahra Syrian ခေါင်းဆောင်က ဆီးရီးယားမြို့တော် ဒမ္မစကက်မြို့တွင် သမ္မတအာဆက်ဒ်မရှိဘဲ လွတ်မြောက်သွားပြီဖြစ်ကြောင်း ပြောသည်။
၎င်းက “ ဆီးရီးယားစစ်တပ်ဟာ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးတွေကို စွန့်ခွာသွားမှုမတိုင်ခင် သမ္မတအာဆက်ဒ်ဟာ ဒမ္မစကက်နိုင်ငံတကာလေဆိပ်ကတဆင့် ဆီးရီးယားနိုင်ငံကနေ ထွက်ပြေးသွားပြီ။” ဟု ပြောသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဆီးရီးယားတွင် သမ္မတအာဆက်ဒ်အုပ်ချုပ်သောခေတ် အဆုံးသွားပြီဟု ဆီးရီးယားတပ်မှူး ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်