ဆားလင်းကြီး စစ်ဘေးရှောင်ဒေသအနီး စစ်ကြောင်းဝင်လာ၍ အခက်တွေ့နေဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး စစ်ဘေးရှောင်များအနီး စစ်ကြောင်းဝင်လာသဖြင့် စစ်ဘေးရှောင်များ အခက်တွေ့နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

အောက်တိုဘာ ၂၀ ရက်တွင် ဆားလင်းကြီးမြို့နယ်ရှိ ယန်စီစက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်ကို မိုင်းခွဲခံရပြီးနောက် စစ်ကြောင်းရောက်ရှိလာပြီး သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သောကြောင့် စစ်ဘေးရှောင်များ အပြင်မထွက်ရဲပဲ အချို့မှာတိမ်းရှောင်နေကြောင်း သိရသည်။

“ သူတို့ရောက်လာရင် စစ်ရှောင်စခန်းကလူတွေက အပြင်မထွက်ရဲဘူးဗျ။ စစ်ရှောင်စခန်းတွေကနေ မနက်အစောကြီး မုံရွာမြို့ပေါ် ဈေးသွားရောင်းတဲ့သူတွေလဲ မသွားရဲကြဘူး။ စစ်ကြောင်းနဲ့နီးတဲ့ စစ်ရှောင်စခန်းကသူတွေလည်း ထပ်ရှောင်ရတာပေါ့။ သူတို့က တွေ့တဲ့သူတွေတိုင်း ဖုန်းတွေပါစစ်တယ်။ မသင်္ကာရင် ခေါ်သွားတာဆိုတော့ ဘယ်သူမှ အပြင် မထွက်ရဲဘူး။” ဟု စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံ ၄၀၀၀ ကျော် အရေးပေါ် စစ်ရှောင်ခဲ့ရပြီး အိမ်မီးလောင်သွားသဖြင့် ယနေ့တိုင် အိမ်မပြန်နိုင်သည့် အမြဲတမ်းစစ်ဘေးရှောင် ၁၀၀၀ ခန့်သည့် ငါးလကျော်အထိ ၎င်းတို့၏နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။

အောင်သူရိန်

ဓာတ်ပုံ – cj

#ယနေ့ခေတ်

ဆားလင်းကြီး စစ်ဘေးရှောင်ဒေသအနီး စစ်ကြောင်းဝင်လာ၍ အခက်တွေ့နေဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.