ရန်ကုန်၊ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဒေသခံများ စစ်ရှောင်နေသည့် စခန်းများအနီးသို့ စစ်ကြောင်းရောက်ရှိလာသဖြင့် စစ်ရှောင်နေသည့် ဒေသခံတစ် ထောင်နီးပါးသည် အခြား နေရာများသို့ ထပ်မံရှောင်တိမ်းနေရကြောင်း စစ်ရှောင်များကိုကူညီနေသည့် ဒေသခံအဖွဲ့အစည်းများထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းသည် ဝမ်ပေါင်ကုမ္ပဏီသို့ ရိက္ခာလာပို့သည့် စစ်ကြောင်းဟု သိရပြီး ညောင်ပင်ကြီးကျေးရွာမှ စစ်ရှောင်နေသည့် ဒေသခံများရှိရာ ပုလဲမြို့သို့သွားသည့်လမ်းအ တိုင်း ဝင်ရောက်လာသည့်အတွက် စစ်ရှောင်စခန်းတွင် ရှောင်တိမ်းနေသည့် ဒေသခံအချို့ အခြားနေရာများသို့ ထပ်မံရှောင်တိမ်းနေကြရခြင်းဖြစ်သည်။
“ညောင်ပင်ကြီးရဲစခန်းမှာ သူတို့ လုံခြုံရေးယူထားတာ ၃၀ ကျော်လောက်ရှိတယ်ဗျ။ ဝမ်ပေါင်ကုမ္ပဏီမှာက ငါးဆယ်လောက်ရှိတယ်။ သူတို့ ညောင်ပင်ကြီးကနေ ဝမ်ပေါင်ဘက်ကို ဝင်လာတော့ အဲဒီနားမှာ စစ်ရှောင်နေတဲ့ ဒေသခံတွေက မနေရဲတော့ဘူးဗျ။ တစ်ချို့က တောထဲဝင်ပြီး ရှောင်ကြတယ်။ ဘုန်းကြီးကျောင်းတွေမှာ ရှောင်နေတဲ့ စစ်ရှောင်တွေကတော့ အပြင်ကို မထွက်ရဲကြဘူး။” ဟု စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း ညောင်ပင်ကြီးကျေးရွာအုပ်စုနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာအချို့မှ ဒေသခံများ နှစ်ဘက်ထိတွေ့တိုက်ပွဲများကြောင့် စစ်ဘေးရှာင်ခဲ့ရပြီး ကျေးရွာအချို့မှ နေအိမ်များ မီးလောင်ပျက်စီးမှုများကြောင့် နေရပ်သို့မပြန်နိုင်ဘဲ စစ်ရှောင်စခန်းများတွင် ဒေသခံစစ်ရှောင် တစ်ထောင်နီးပါး စစ်ရှောင်နေရကြောင်း၊ ဩဂုတ်လမှစတင်ကာ ကုန် ဈေးနှုန်းများ တစ်ဖြည်းမြင့်တက်လာသည့်အတွက် စစ်ရှောင်စခန်းများတွင် စစ်ရှောင်နေသူများ၏ စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရပြီး လာရောက်လှူဒါန်းသည့် အ လှူရှင်များ နည်းပါးလာကြောင်း သိရသည်။
UNOCHA အဖွဲ့အစည်းမှ ထုတ်ပြန်ထားသည့် အစီအရင်ခံစာအရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများ နှစ်သန်းနီးပါးရှိနေပြီး လက် ရှိတွင် ထိုအရေအတွက် ထပ်မံတိုးလာလျှက်ရှိနေကြောင်း သိရသည်။
အောင်သူရိန်
ဓာတ်ပုံ – CJ
ဆားလင်းကြီး စစ်ဘေးရှောင်ခန်းများမှ ဒေသခံစစ်ရှောင်များ ထပ်မံရှောင်တိမ်းနေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်