ရန်ကုန်၊ ဩဂုတ် ၂၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် အိမ်သို့လုံးဝမပြန်နိုင်သည့် စစ်ဘေးရှောင် တစ်ထောင်နီးပါး ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများက ယနေ့ခေတ်ကို ပြောသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေး ရွာအုပ်စုနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံလေးထောင်ခန့် စစ်ဘေးရှောင်ခဲ့ရပြီး အချို့မှာ၎င်း တို့၏ နေရပ်သို့ပြန်သွားနိုင်ခဲ့သော်လည်း ဒေသခံတစ်ထောင်ခန့်မှာ နေရပ်သို့ လုံးဝမပြန်နိုင်သည်မှာ နှစ်လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
“စစ်ရှောင်စခန်းမှာ အိမ်လုံးဝပြန်လို့မရတာ တစ်ထောင်လောက်ကျန်သေးတယ်။ ပြန်သွားကြတာတွေက သူတို့ရှိတဲ့နေရာနဲ့ ဝေးတဲ့သူတွေက ပြန်လို့ရတယ်။ သူတို့နဲ့နီးတဲ့ရွာတွေက လူတွေကတော့ လုံးဝပြန်လို့မရဘူး။ တစ်ချို့ဆို ပြန်စရာအိမ်မရှိဘူး။ အိမ်ပြန်ဆောက်ဖို့လဲ ပိုက်ဆံမရှိတော့ စခန်းမှာဘဲ ဆက်ပြီးနေရတာပေါ့ ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် စစ်ရှောင်စခန်းတွင် ကျန်ရှိနေသူများသည် ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲများကြုံတွေ့နေရကြောင်း၊ မိုးရာသီဖြစ်သည့်အတွက် တောထဲတွင် အမိုးအကာလုံလောက်မှုမရှိခြင်းကြောင့် ရာသီတုပ်ကွေးဖြစ်နေကြပြီး ဖျားနာနေသူများအတွက် ဆေးဝါးများအရေးတကြီး လိုအပ်မှုများရှိနေကြောင်း သိရသည်။
အောင်သူရိန်
ဓာတ်ပုံ – Cj
ဆားလင်းကြီး စစ်ဘေးရှောင်စခန်းတွင် အိမ်လုံးဝမပြန်နိုင်သည့်စစ်ရှောင် တစ်ထောင် နီးပါးရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်