ဟန်လိုဗာ၊ မေ ၁၇
ဆလိုဗက်ကီးယားဝန်ကြီးချုပ်သည် မေလ ၁၅ ရက်နေ့က သေနတ်သမားတစ်ဦး၏ အနီးကပ်လုပ်ကြံခံရသော်လည်း ပြင်းထန်သောဒဏ်ရာများသာရရှိခဲ့ပြီး အသက်ရှင်လွှတ် မြောက်ခဲ့ကြောင်း သိရသည်။
ဆရာဝန်များက ဝန်ကြီချုပ် ရောဘတ်ဖီကိုသည် ပြင်းထန်သောဒဏ်ရာများရရှိခဲ့သော်လည်း အခြေနေများက တည်ငြိမ်ကောင်းမွန်နေဆဲဖြစ်ကြောင်း ပြောသည်။
ဆလိုဗက်ကီးယား ဒုတိယဝန်ကြီးချုပ်က “ ဆရာဝန်တွေဟာ ဝန်ကြီးချုပ်ဖီကို,ကို တစ်ညလုံးဂရုစိုက်ကုသပေးနေတယ်။ ဒဏ်ရာတွေဟာ ပြင်းထန်တဲ့အတွက် အခြေနေတွေကခက်ခဲရှုပ်ထွေးနေတယ်။” ဟု ပြောသည်။

ဝန်ကြီးချုပ် ရောဘတ်ဖီကိုသည် Handlova မြို့ကိုသွားရောက်ချိန်အတွင်း ယာဉ်ကျေးမှုစင်တာအပြင်ဘက်တွင် သေနတ်သမား၏ အနီးကပ်ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်ပြီး၊ ပြင်း ထန်သောဒဏ်ရာများရရှိခဲ့ကြာင်း သိရသည်။
ဝန်ကြီးချုပ်သည် ယူကရိန်းကို စစ်ရေးအကူညီပေးမှုများ ရပ်တန့်ရန်နှင့် ရှရှားအပေါ် ပိတ်ဆို့မှုချမှတ်ခြင်းကို အဆုံးသတ်ရန်တောင်းဆိုခဲ့သူဖြစ်ပြီး အဆိုပါလုပ်ကြံမှုက နိုင်ငံရေးလုပ် ကြံမှုတစ်ခုဖြစ်ကြောင်း ဝေဖန်ထားသည်။
ဆလိုဗက်ကီးယားအာဏာပိုင်များသည် လက်ရှိအချိန်တွင် ဝန်ကြီးချုပ်ကိုလုပ်ကြံသည်ဟု သံသယရှိသော သေနတ်သမားကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
အဆိုပါသေနတ်သမားသည် Handlova မြို့ရှိ ယာဉ်ကျေးမှုစင်တာအတွင်း အစည်းအဝေးလုပ်ဆောင်ခဲ့ပြီးနောက် အပြင်ဘက်သို့ထွက်လာချိန်တွင် အနီးကပ်ပစ်ခတ်လုပ်ကြံခြင်းဖြစ်ပြီး ဝန်ကြီးချုပ်၏ လုံခြုံရေးအဖွဲ့များလည်း အံအားသင့်ခဲ့ရကြောင်း သိရသည်။
သေနတ်သမားသည် ဝန်ကြီးချုပ်ကို သေနတ်ဖြင့်အနီးကပ်ငါးချက်ပစ်ခတ်ခဲ့ပြီး ဝန်ကြီးချုပ်၏ ဝမ်းဗိုက်နှင့်လက်များတွင် သေနတ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့များသည် ဝန်ကြီးချုပ်ကို ကားဖြင့်ခေါ်ယူပြီး ဆေးရုံကိုချက်ချင်းတင်ပို့ခဲ့ကာ ခွဲစိတ်မှုကိုနာရီပေါင်းများစွာကြာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်ကိုလုပ်ကြံခဲ့သူသည် အသက် ၇၁ နှစ်အရွယ်ရှိနေပြီး စာရေးဆရာဖြစ်သလို၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ကြောင်း ဆလိုဗက်ကီးယားမီဒီယာများက ဖော်ပြထားသည်။
ကောင်းထက်ငွေ
bbc.com/news
Photo: Slovakia’s prime minister was airlifted to a hospital in Banska Bystrica and underwent several hours of surgery,
A man is arrested after Slovak PM Robert Fico was shot multiple times, in Handlova, Slovakia [File: Radovan Stoklasa/Reuters]
ဆလိုဗက်ကီးယားဝန်ကြီးချုပ်ကို သေနတ်သမားတစ်ဦးက အနီးကပ်လုပ်ကြံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်