ရန်ကုန်၊ စက်တင်ဘာ ၁၃
ဆန်စပါးများ နယ်စပ်ဖြတ်ကျော် တင်ပို့လိုပါက သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်လိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF မှ သိရသည်။
ဆန်စပါးဈေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန်အတွက် ယခုလို ဆန်စပါးတင်ပို့မှုများကို ကန့်သတ်ရခြင်းဖြစ်ကြောင်း MRF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဆန်နဲ့ ဆန်ကွဲကို နယ်စပ်ဖြတ်ကျော် တင်ပို့ချင်ရင် သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက်လိုမယ်။ အရင်ကတော့ ဒါမျိုးမရှိဘူး။ မြင့်တက်နေတဲ့ ဆန်စပါးဈေးကို ထိန်းလို့ရအောင်ပါ။ စပါးကို ကြိတ်ခွဲချင်ရင် သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက်ပဲ ကြိတ်ခွဲလို့ရမယ်” ဟု MRF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အကြောင်းအရာနှင့်ပတ်သတ်ပြီး ယနေခေတ်မှ မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အသင်းတာဝန်ရှိသူတစ်ဦးက ၎င်းတို့အနေဖြင့် ယခု ကိစ္စကို မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အောင်သူရိန်
ဓာတ်ပုံ – ဆန်ရောင်းဝယ်ရေး
ဆန်စပါး နယ်စပ်ဖြတ်ကျော် တင်ပို့လိုပါက သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်လိုမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်