စားအုန်းဆီ လက်လီဈေးကွက်အတွင်း ဝယ်မရ၍ မှောင်ခိုဈေးကွက်ကို အားထားနေရ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၄

စားအုန်းဆီများ လက်လီဈေးကွက်အတွင်း ဝယ်မရဘဲ မှောင်ခိုဈေးကွက်ကို အားထားနေရကြောင်း ကျောက်တံတားမြို့နယ်အတွင်းရှိ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မြို့နယ်အလိုက် စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသော်လည်း နေ့စဥ်စားအုန်းဆီ အသုံးပြုနေရသူများမှာ ဈေးကွက်အတွင်း စားအုန်းဆီ ဝယ်၍မရ ကြောင်း သိရသည်။

“ သိချင်ရင် ကိုယ်တိုင်တန်းစီကြည့်လိုက်လေ။ ရတယ် မရဘူးသိမှာပေါ့။ ကျွန် တော်တို့က ထမင်းဆိုင်ဆိုတော့ နေ့တိုင်းဆီလိုတယ်။ တန်းစီပြီး ဆီမရတော့ ရတဲ့လူဆီက တဆင့် ပြန်ဝယ်ရတယ်။ အဝေးကြီးမဟုတ်ဘူး။ တန်းစီတဲ့နေရာတင် ပြန်ဝယ်ရတာ။ ဈေးထဲက ဝယ်နေကျဆိုင်ကလဲ ဆီမရှိလို့မရောင်းဘူး” ဟု ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဆီတန်းစီသည့်သူများထံမှ ပြန်လည်ရောင်းချသည့် စားအုန်းဆီမှာ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ဝယ်ယူနေရကြောင်းနှင့် ပုံမှန်ဝယ်ယူနေသည့် ဆီဆိုင်များမှာ အရှုံးခံပြီး မရောင်းနိုင်သဖြင့် အရောင်းပိတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ လက်ကားရည်ညွှန်းဈေး၏ နှစ်ရာခိုင်နှုန်းထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချပေးရန် သတ်မှတ်ထားသော်လည်း ဈေး ကွက်အတွင်း လိုက်နာမှုမရှိခြင်းကြောင့် အရေးယူမှုများ ပြုလုပ်မည်ဟု အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

အောင်သူရိန်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

စားအုန်းဆီ လက်လီဈေးကွက်အတွင်း ဝယ်မရ၍ မှောင်ခိုဈေးကွက်ကို အားထားနေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.