ရန်ကုန်၊ ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်း၊ ကျွန်းတောရပ်ကွက်တွင် ဒီဇင်ဘာ ၃၀ ရက်၊ နံနက် ၁၀ နာ ရီခွဲက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် နေအိမ်ရှေ့တွင်ရပ်နားထားသည့် Crown မော်တော်ယာဥ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိဘဲ မော်တော်ယာဥ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ ဖျာပုံလမ်း ကျွန်းတောရပ်ကွက်မှာ ပေါက်ကွဲမှုအသံက တော်တော်လေးကျယ်ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ရပ်နားထားတဲ့ အိမ်စီး Crown ယာဥ်တစ်စီး ထိခိုက်ပျက်ဆီးသွားပါတယ်။ လူခိုက်မှုတော့ မရှိခဲ့ပါဘူး။” ဟု လုံခြုံရေးအဖွဲ့များနှင့်နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အလားတူ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ဒီဇင်ဘာ ၂၄ ရက်၊ နံနက်ပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ရာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ဆေးကုသမှုခံယူနေချိန် သေဆုံးသွားခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
စမ်းချောင်းတွင် ပေါက်ကွဲမှုကြောင့် အိမ်စီးကားတစ်စီး ထိခိုက်ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်