ဆိုးလ်၊ ဒီဇင်ဘာ ၁၁
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယန်ဟွမ်ကို စစ်အုပ်ချုပ်ရေးဥပဒေနှင့်ဆက်နွယ်ပြီး တောင်ကိုရီးယားအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်သည် ဒီဇင်ဘာ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ တောင်ကိုရီးယားနိုင်ငံအတွင်း ဆန္ဒပြပွဲများ၊ သမ္မတကိုပြစ်တင်ဝေဖန်မှုများရှိခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေးကြေညာခြင်းကိုလက်ခံရန်သင့်၊ မသင့်ကို လွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကပယ်ချခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေးကြေညာခက် အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားအာဏာပိုင်များသည် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယန်ဟွမ်ကို နိုင်ငံတော်သစ္စာဖောက်မှုအပြင် ရပိုင်ခွင့်များကိုဟန့်တားရန် အခွင့်အာဏာကိုအလွဲသုံးစားလုပ်ခြင်း စသောစွဲချက်များဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကင်ယန်ဟွမ်သည် တောင်ကိုရီးယားနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကြေညာချက် မအောင်မြင်ခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးရာထူးမှ ပြီးခဲ့သောရက်ပိုင်းက နုတ်ထွက်ခဲ့ကြောင်း သိရ သည်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ တရားရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကင်ယန်ဟွမ်သည် သက်သေများကို ဖျက်ဆီးဖွယ်ရှိနေသည့်ဟု သတင်းများထွက်ပေါ်နေချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုထားသည်။
တောင်ကိုရီယား ကာကွယ်ရေးဝန်ကြီးဟောင်းက ဖြစ်ပွားခဲ့သောအဖြစ်ပျက်အားလုံးနှင့်ပတ်သက်ပြီး ၎င်းတို့တွင် တာဝန်အလုံးစုံရှိနေကြောင်း ပြောသည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်းက ပြည်သူအားလုံးကို မေတွတာရပ်ခံရာတွင် လက်အောက်ငယ်သားများသည် ၎င်း၏အမိန့်ကိုနာခံပြီး တာဝန်ကျေပွန်အောင် ထမ်း ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
တောင်ကိုရီးယားအထူးတပ်ဖွဲ့အကြီးအကဲက ကာကွယ်ရေးဝန်ကြီးသည် စစ်အုပ်ချုပ်ရေးကို လက်ခံရန်သင့်၊ မသင့် ဆန္ဒမဲပေးရန်လာသော လွှတ်တော်ကိုယ်စားလှယ်များကို လွှတ် တော်အတွင်းမဝင်ရောက်စေရေး ဟန့်တားရန်အတွက် အမိန့်ပေးခဲ့ကြောင်း ပြောသည်။
ကောင်းထက်ငွေ
channelnewsasia.com
စစ်အုပ်ချုပ်ရေးနှင့်ဆက်နွယ်ပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်