စစ်​ဘေး​ရှောင်များအတွက် လူသားချင်းစာနာမှုဆိုင်ရာရန်ပုံ​ငွေ ကန်​ဒေါ်လာ ၉၉၄ သန်း အရေး​ပေါ်လိုအပ်ဟု ကုလဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း စစ်​ဘေး​ရှောင်များအတွက် လူသားချင်းစာနာမှုဆိုင်ရာရန်ပုံ​ငွေ ကန်​ဒေါ်လာ ၉၉၄ သန်း အ​ရေး​ပေါ် လိုအပ်​နေ​ကြောင်း UNOCHA Myanmar ၏ ဇန်နဝါရီ ၁၀ ရက်၊ ​နေ့စွဲဖြင့်ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း​ရှောင်​​နေရသူများကို လူမှုအကူအညီများ ဆက်လက်ပံ့ပိုးနိုင်ရန်နှင့် ခန့်မှန်းလူဦးရေ ၅ ဒသမ ၃ သန်းအတွက် အသက်ကယ်အကူအညီများ အပါအဝင် အရေးပါသည့် အခြေခံဝန်ဆောင်မှုများ ပံ့ပိုးဆောင်ရွက်မည့် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများအတွက် အရေး​ပေါ် လိုအပ်နေ​ကြောင်း UNOCHA Myanmar က တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​​ပြောသည်။

“ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းထိ မရှိမဖြစ်လိုအပ်တဲ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈၆ သန်းရဲ့ ၂၉ ရာခိုင်နှုန်းသာ ရန်ပုံငွေတွေရှိခဲ့ပေမယ့် ကုလနဲ့ မိတ်ဖက်အဖွဲ့တွေက လူမှု ကယ်ဆယ်ရေးအကူအညီတွေကို လူဦးရေ ၃ ဒသမ ၁ သန်းအတွက် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။” ဟု UNOCHA Myanmar က တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​​ပြောသည်။

လက်ရှိ နယ်စပ်ဒေသများတွင် ​ရောက်ရှိ​နေ​သော စစ်​ဘေး​ရှောင်များအနက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်နီပြည်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့က ​နေရပ်စွန့်ခွာ ထွက်​ပြေးတိမ်း​ရှောင်​နေသူများအတွက် လူသားချင်း စာနာ​ထောက်ထားမှုအကူအညီများ လိုအပ်​နေခြင်းဖြစ်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်
.mehrnews.com
ယနေ့ခေတ်

စစ်​ဘေး​ရှောင်များအတွက် လူသားချင်းစာနာမှုဆိုင်ရာရန်ပုံ​ငွေ ကန်​ဒေါ်လာ ၉၉၄ သန်း အရေး​ပေါ်လိုအပ်ဟု ကုလဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.