ရန်ကုန်၊ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နှစ်ဘက်တိုက်ပွဲများကြောင့် “ ဝ” ဒေသအတွင်းကို ဝင်ရောက်လာသော စစ်ဘေးရှောင်များအား လူသားချင်း စာနာထောက်ထားမှုအနေဖြင့် ယာယီနေထိုင်ခွင့်လက်မှတ် ထုတ်ပေးရန် ဒီဇင်ဘာ ၃ ရက်၊ နေ့စွဲဖြင့် UWSA က ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
“ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နှစ်ဘက်တိုက်ပွဲတွေက နေ့စဥ်နဲ့အမျှပါပဲ။ အဲဒါကြောင့် စစ်ဘေးရှောင်များကို လူသားချင်း စာနာထောက်ထားသောအားဖြင့် “ ဝ” ဒေသ အတွင်းကို ဝင်ရောက်လာတဲ့သူတွေကို ယာယီနေထိုင်ခွင့်လက်မှတ်နဲ့ ပြင်ပမော်တော်ယာဉ်များ နီးစပ်ရာယာဉ်ထိန်းရုံးသို့ ယာယီမောင်းနှင်ခွင့်လက်မှတ် ပြုလုပ်ရမယ်လို့ UWSA က ကြေညာထားတာပါ။” ဟု ကိုးကန့်ဒေသမှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသတွင် နှစ်ဘက်တိုက်ပွဲများကြောင့် “ ဝ” ဒေသအတွင်းသို့ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်အထိ ဝင်ရောက်မှုများရှိနေကြောင်း UWSA ၏ ကြေညာချက်အရ သိရသည်။
စစ်ဘေးရှောင်များကို လူသားချင်း စာနာထောက်ထားမှုအနေဖြင့် ယာယီနေထိုင်ခွင့် လက်မှတ်ထုတ်ပေးရန် UWSA ကြေညာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်