စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြရန် မြောက်ကိုရီးယားစစ်တပ်ကို ကင်ဂျုံအမ်တိုက်တွန်း

ပြုံယမ်း၊ မတ် ၇

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ဖြစ်လာနိုင်ဖွယ်ရှိနေသော စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် မြောက်ကိုရီးယားစစ်တပ်ကို အမိန့်ပေးလိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်သည် စစ်ရေးလေ့ကျင့်ခန်းစင်တာကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် စစ်သားများကို စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ထားရန်နှင့် အင် အားတောင့်တင်းအောင် လုပ်ဆောင်ထားရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ စတင်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသည် လက်ရှိအချိန်တွင် တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန်နိုင်ငံတို့နှင့် တင်းမာမှုအရှိန် မြင့်တက်လျက်ရှိနေကြောင်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင်က “ စစ်ရေးလေ့ကျင့်ခန်းတွေကို လက်တွေ့စစ်ပွဲပုံစံမျိုးအတိုင်း ရည်ရွယ်ပြီးလုပ်ဆောင်ဖို့၊ စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ တိုက်တွန်းလိုပါတယ်။” ဟုပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သောနှစ်အတွင်း နိုင်ငံသမိုင်းတွင် စစ်ဘက်သုံးဂြိုလ်တုကို ပထမဆုံးအကြိမ် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီးနောက် တောင်ကိုရီးယားနှင့် တင်းမာမှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင်က တောင်ကိုရီးယားနိုင်ငံကို အဓိကရန်ဘက်နိုင်ငံအဖြစ် သတ်မှတ်ထားပြီး မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်းကို ကျည်ဆံတစ်တောင့်ကျရုံမျှဖြင့် တောင်ကိုရီးယားကို စစ်ပွဲဆင်နွဲမည်ဟု သတိပေးထားသည်။

ကောင်းထက်ငွေ

koreajoongangdaily.joins.com/news

စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြရန် မြောက်ကိုရီးယားစစ်တပ်ကို ကင်ဂျုံအမ်တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.