စစ်တွေ၊ အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရုံးအနီး အောက်တိုဘာ ၅ ရက်၊ ညပိုင်းက သားအဖနှစ်ဦး ပစ်ခတ်ခံရ၍ ဖခင်ဖြစ်သူ သေဆုံးခဲ့ ပြီး သမီးဖြစ်သူမှာ ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။
သေဆုံးသူမှာ စက်ရုံစုရပ်ကွက်၌နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် ဦးမောင်စိန်တင်ဖြစ်ပြီး သမီးဖြစ်သူ ဒေါ်မချေမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။
” မနေ့က ၁၀ နာရီ ဝန်းကျင်လောက်ကဖြစ်တာ။ ဘယ်လက်နက်ကိုင်အဖွဲ့က လုပ်တယ်ဆိုတာ လတ်တလော မသိရသေးပါဘူး။ အဖေဖြစ်သူက ခေါင်းနဲ့ဝမ်းဗိုက်တွေမှာ သေနတ် ကျည်ထိမှန်ဒဏ်ရာလေးချက်၊ ငါးချက်လောက်နဲ့ သေဆုံးသွားတယ်။ သမီးဖြစ်သူ ဒေါ်မချေကတော့ လက်မောင်းနဲ့ ပေါင်မှာ ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူကတော့ လက်ရှိစစ် တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ အောက်တိုဘာ ၆ ရက်၊ နံနက်ပိုင်းက တပ်နှင့် ရဲတပ်ဖွဲ့များ လာရောက်စစ်ဆေးခဲ့ပြီး ဒေသခံများကိုလည်း မေးမြန်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်ကလည်း စစ်တွေမြို့လယ်ခေါင်၌ အသက် ၄၀ ကျော်အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင်သည် ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်ရှေ့၌ သေနတ်ဖြင့်ပတ်ခတ်ခံရပြီး သေဆုံးသွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ဝဏ္ဏ
စစ်တွေမြို့ ALP ရုံးအနီး၌ သားအဖနှစ်ဦး ပစ်ခတ်ခံရ၍ ဖခင်ဖြစ်သူ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်