စစ်ကိုင်းမြို့ ဧရာဝတီမြစ်ထဲ ကလေးသုံးဦး ရေဆင်းချိုးရာမှ ကလေးတစ်ဦး ရေနစ်သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ကမ်းနားလမ်းတွင် ဧရာဝတီမြစ်ထဲ ကလေးသုံးဦး ရေဆင်းချိုးရာ ၁၃ နှစ်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခန့်တွင် စစ်ကိုင်းမြိုနယ်၊ တာဝါတိုင်ဆိပ်အနီး၊ မြရတနာရပ်ကွက်၌ နေထိုင်သည့် ကလေးသုံးဦး ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရာက ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦး ရေနစ်သေဆုံးကြောင်း ထုံးဘို အရေးဖော်ကယ်ဆယ်ရေးမှ အသင်းဝင်တစ်ဦး၏ ပြောကြာချက်အရ သိရသည်။

“ကျွန်တော်တို့ သိတာတော့ ၉ နာရီလောက်က ရေဆင်းချိုးတယ်။ ရေဆင်းချိုးတာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးနှစ်ယောက်။ ကောင်းမလေးတွေက ရေနစ်သေဆုံးတဲ့ သူနဲ့ ညီအမတွေ။ သေဆုံးတဲ့ကလေးက ၁၃ နှစ်ပဲရှိသေးတယ်။ ရေကကူးတတ်တယ် ပြောရမလားပေါ။ သူတို့နဲ့ ရေနဲ့ကလည်း ဝေးနေတော့လေ။ မိသားစုလည်းသိရပြီ။ ရေက လည်း ကျွန်တော်တို့ တစ်ရပ်လောက်ကိုတောင် တော်တော်နစ်တယ်။” ဟု ထုံးဘို အရေးဖော်ကယ်ဆယ်ရေးမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရေနစ်သေဆုံးသူ မိန်းကလေး၏ ရုပ်အလောင်းကို အရန်မီးသတ်တပ်ဖွဲ့နှင့် ထုံးဘို အရေးဖော်ကယ်ဆယ်ရေးအသင်းတို့က စစ်ကိုင်းမြို့နယ်၊ ကုတင်၂၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-ထုံးဘိုအရေးဖော်ကယ်ဆယ်ရေးအဖွဲ့

#ယနေ့ခေတ်

စစ်ကိုင်းမြို့ ဧရာဝတီမြစ်ထဲ ကလေးသုံးဦး ရေဆင်းချိုးရာမှ ကလေးတစ်ဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.