စစ်ကိုင်းတိုင်း ခန္တီး-လဟယ်သွားလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပြီး လမ်းပိတ်ဆို့နေ

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ခန္တီးမြို့နယ်ရှိ ခန္တီး-လဟယ်သွားလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုများဖြစ်ပွားပြီး လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ကြောင်း ဒေသခံများထံမှ သိရ သည်။

ခန္တီးမြို့နယ်တွင် အဆက်မပြတ် မိုးရွာသွန်းမှုဖြစ်ပွားခဲ့ရာ ခန္တီး-လဟယ်သွားလမ်းပိုင်းရှိ ဆင်သေကျေးရွာကြားတွင် လမ်းပိုင်းအချို့ပျက်စီးခြင်း၊ မြေပြိုကျခြင်း၊ တံတားငယ်များ ပျက်စီးခြင်း စသည်များဖြစ်ပေါ်ခဲ့ခြင်းကြောင့် လမ်းပိုင်းသွားလာမှုပိတ်ဆို့နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ အဆက်မပြတ်ရွာနေတော့ လမ်းတွေလည်းပျက်စီးကုန်တာ။ ခန္တီး-လဟယ်ကြားက ဆင်သေကျေးရွာအနီးအနား တစ်လျှောက်တွေမှာ မြေပြိုတာတွေ၊ တံတားပျက်စီးတာတွေဖြစ်နေတာ။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ လမ်းပိုင်းပျက်စီးမှုကြောင့် ကုန်ကားများအပါအဝင် ကားများသွားမရသည့်အခြေအနေဖြစ်ပေါ်နေပြီး ဆက်လက်ပြီးမိုးရွာသွန်းနေပါက လမ်းပိုင်းအခြေအနေ ပိုမိုးဝါးလာနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်ကလည်း မိုးကြီးခြင်းကြောင့် တောင်ကျရေများကျဆင်းလာခြင်းကြောင့် လဟယ်မြို့၊ တိုးချဲ့ (၂) ရပ်ကွက်မှ လူနေအိမ်အချို့ ရေစီးထဲမျောပါပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ဓာတ်ပုံ- CJ

စစ်ကိုင်းတိုင်း ခန္တီး-လဟယ်သွားလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပြီး လမ်းပိတ်ဆို့နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.