ရန်ကုန်၊ ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဇီးပင်ကြီးကျေးရွာအုပ်စုမှ စစ်ဘေးရှောင်ဒေသခံများ ၎င်းတို့၏နေရပ်များသို့ မပြန်နိုင်သည်မှာ နှစ်လနီးပါး ကြာမြင့်နေသည်ဟု စစ်ဘေး ရှောင်များကို ကူညီနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်တွင် ဇီးပင်ကြီးကျေးရွအုပ်စုတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် ယင်းကျေးရွာအုပ်စု အနီးတဝိုက်ရှိရွာများမှ ဒေသခံလေးထောင်ကျော်ခန့် စစ်ဘေးရှောင်ခဲ့ ရကြောင်း သိရသည်။
“ စစ်ရှောင်စခန်းဆိုတော့ နေထိုင်ရေးက အဆင်မပြေဘူးပေါ့။ စခန်းမှာ လူများတော့ ရက်ကြလာတာနဲ့အမျှ စားဖိုသောက်ဖို့ အခက်အခဲတွေလည်းရှိလာတယ်။ အလှူရှင်က အမြဲ တမ်းမရှိဘူးလေ။ ချက်ရပြုတ်ရတဲ့ အခက်အခဲတွေလည်းရှိတယ်။ မိုးတွင်းဆိုတော့။ တောထဲမှာရှောင်နေရတဲ့ အခက်အခဲတွေရှိတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ် ဦးက ပြောသည်။
လက်ရှိတွင် နေရပ်သို့လုံးဝမပြန်နိုင်သည့် ရွာ ၅ ရွာမှ စစ်ဘေးရှောင် တစ်ထောင့်သုံးရာ ခန့်ရှိနေကြောင်း၊ ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်တွင် ဝမ်ပေါင်ကုမ္ပဏီက လမ်းဖောက်ရန် လုံ ခြုံရေးယူပေးထားသည့် လုံခြုံရေးအဖွဲ့များ ရောက်ရှိလာသဖြင့် ဆားလင်းကြီးမြို့နယ်မြောက်ဘက်ပိုင်း အနီးတဝိုက်ရှိ ကျေးရွာ ၅ ရွာမှ ဒေသခံတစ်ထောင်ကျော် စစ်ဘေးရှောင်ခဲ့ရ ကြောင်း သိရသည်။
ကျော်အောင်
ဓာတ်ပုံ -စီဂျေ၊ Link Myanmar
#ယနေ့ခေတ်
စစ်ကိုင်းတိုင်း၊ ယင်းမာပင် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သည်မှာ နှစ်လနီးပါး ကြာမြင့်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်