စင်္ကာပူသည် ကိုယ်ပိုင်လုံခြုံရေးသာမက အိမ်နီးချင်းများကိုပါ ဂရုစိုက်သွားမည် ဟုဆို

စင်္ကာပူ၊ ဧပြီ ၄

စင်္ကာပူသည် ကိုယ်ပိုင်လုံခြုံရေးသာမက မြန်မာနိုင်ငံကဲ့သို့ သဘာဝဘေးဒဏ်ခံရသည့် အိမ်နီးချင်းများကိုပါ ဂရုစိုက်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဝေါင်းက ပြောကြားသည်။

စင်္ကာပူနိုင်ငံသည် ၎င်း၏ကိုယ်ပိုင်လုံခြုံရေးကို အာရုံစိုက်ရုံသာမက အိမ်နီးချင်းနိုင်ငံများကို ကူညီရန်လည်း ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ် လောရန့်စ် ဝေါင်းက သောကြာနေ့ (ဧပြီ ၄ ရက်) တွင် ပြောကြားသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည့် မြန်မာနိုင်ငံကဲ့သို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်များအတွင်း ၎င်းတို့အဖွဲ့၏ အရေး ပါပုံကို ပြောကြားခဲ့သည်။

စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) သည် မတ်လ ၂၉ ရက်က ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်ကူညီရန် အဖွဲ့ဝင် ၈၀ ပါအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။

လွန်ခဲ့သည့်နှစ်ရက်အတွင်း စင်္ကာပူတပ်မတော်သည် မြန်မာနိုင်ငံသို့ အကူအညီများပေးပို့ရန် C-130 လေယာဉ်နှစ်စင်းကို ဖြန့်ကျက်ထားခဲ့ပြီး၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း အဖွဲ့ဝင် ၃၄ ဦးပါ အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့ ကို စေလွှတ်ခဲ့သည်။

#ChannelNewsAsia

#ယနေ့ခေတ်

စင်္ကာပူသည် ကိုယ်ပိုင်လုံခြုံရေးသာမက အိမ်နီးချင်းများကိုပါ ဂရုစိုက်သွားမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.