စက်သုံးဆီမရ၍​ ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များ အခက်တွေ့နေ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ စက်သုံးဆီ လုံလောက်စွာမရသဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များ အခက်အခဲများဖြစ်ပေါ် နေကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်သယ်ယူပို့ဆောင်ရေးအသင်းမှ သိရသည်။

“ စက်သုံးဆီတွေက မရတော့ ကုန်ကားတွေကမထွက်နိုင်ဘူး။ ကုန်ကားတွေက မထွက်နိုင်တော့ တောင်သူတွေလည်း ဒုက္ခရောက်တာပေါ့။ ကုန်စည်ပို့တာ‌လည်း နောက်ကျတယ်။ စရိတ်ကလည်း ပိုကုန်တယ်။ အရင်ကထက် နှစ်ဆလောက်တတ်သွားတယ်။” ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်သယ်ယူပို့ ဆောင်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပို့ကုန်ရငွေကို‌ ဖြေလျှော့ပေးပြီးနောက်ပိုင်း ပို့ကုန်သမားများအတွက်သာ အဆင်ပြေသော်လည်း သွင်းကုန်သမားများအတွက် အခက်အခဲများရှိနေကြောင်း သိရသည်။

သို့ရာတွင် စက်သုံးဆီကဏ္ဍသည် ခဏတာအခက်အခဲများ ကြုံတွေ့ရမည်ဖြစ်သော်လည်း မကြာခင် ပြေလည်သွားမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားထား သည်။

ဒီဇင်ဘာလ ၅ ရက်မှစတင်ကာ စက်သုံးဆီဝယ်ယူရန် အခက်အခဲများရှိနေသည့်အပြင် အချိန်ကြာမြင့်စွာ တန်းစီ၍ဝယ်ယူရန် စောင့်ဆိုင်းနေရကာ ဈေးကြီးပေးဝယ်နေကြရ ကြောင်း သိရသည်။

လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ ဆီတင်သင်္ဘော ၆ စီး ဆိုက်ကပ်ထားပြီး ဓာတ်ဆီတန်ချိန် ၂၄,၃၁၉ ကျော်၊ ဒီဇယ်ဆီတန်ချိန် ၅၃,၃၁၅ ကျော်ကို သက်ဆိုင်ရာ သိုလှောင်ကန်များဆီ သို့ ချယူနေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပင်လယ်ဝ၌ အသင့်ရောက်ရှိနေသည့် ဓါတ်ဆီတန်ချိန် ၆၇,၇၃၇ ကျော်၊ ဒီဇယ်ဆီတန်ချိန် ၆၅,၃၅၉ ကျော် သယ်ဆောင်လာသည့် သင်္ဘော ၉ စီးလည်း သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ရန် အသင့်စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

စက်သုံးဆီမရ၍​ ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များ အခက်တွေ့နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.