ငွေဆောင်တွင် ခရီးသွားလုပ်ငန်းကို မှီခိုနေရသည့်လုပ်ငန်းများ အခက်အခဲဖြစ်နေ

ပုသိမ် ၊ ဖေဖော်ဝါရီ ၂၇

ငွေဆောင်ကမ်းခြေရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များသည် ပြည်တွင်းခရီးသွားများကိုသာ အားထားနေရခြင်းကြောင့် အခက်အခဲဖြစ်နေပေါ်နေကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသို့ ၂၀၂၃ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ၄ သိန်းကျော်အထိ ဝင်ရောက်မှုရှိခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲများအဖြစ်ခင်ကထက် လျော့နည်းနေပြီး ပြည်တွင်းခရီးသွားများကိုသာ အားထားနေရခြင်းကြောင့် ခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းရှင်များ အခက်အခဲဖြစ်နေပေါ်နေကြောင်း သိရသည်။

“ခရီးစဉ်တွေကိုတော့ စနစ်တကျ စီမံလုပ်ဆောင်နေရတာပဲ။ ဒါပေမယ့် ပြည်တွင်းခရီးသွားတွေက မရှိသလောက် ဖြစ်နေတယ်။ ခရီးသွားဝန်ဆောင်မှုပေးတဲ့လုပ်ငန်းက ခရီးသည်မရှိတော့ ဒုက္ခဖြစ်တာပေါ့။ အခုက ပြည်ပခရီးသွားတွေက လုံးဝမလာတော့တာ။ ပြည်တွင်းကလည်း မဖြစ်စလောက်လာတဲ့သူလောက်ပဲရှိတယ်။ ၃ နှစ်ကျော်ကျော်အထိဖြစ်လာပြီ အလုပ်ကအဆင်မပြေတာ။” ဟု ငွေဆောင်ကမ်းခြေရှိ ခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အဆိုပါကမ်းခြေကိုလာရောက်သည့် ခရီးသွားများသည် စနေ၊ တနင်္ဂနွေနေ့များ၊ ရက်ရှည်ရုံးပိတ်ရက်များအတွင်းသာ လာရောက်မှုရှိပြီး၊ သာမန်ကြားရက်များတွင် ခရီးသွားဧည့် သည်ဝင်ရောက်မှု ကျဆင်းနေကြောင်း၊ ခရီးသွားများလာရောက်မှု နည်းလာခြင်းသည် လုံခြုံမှုအားနည်းလာခြင်း၊ စီးပွားရေးကျဆင်းလာခြင်းကြောင့် အပန်းဖြေ အပျော်ခရီးမသွားနိုင်တော့ခြင်း၊ စက်သုံးဆီဈေးတက်နေခြင်းကြောင့် ခရီးသွားများကိုဝန်ဆောင်မှုပေးသည် ရေယာဉ်၊ မော်တော်ယာဉ်စီးခများ ထိုးတက်နေခြင်း စသည့်အခြေအနေများကြောင့်ဖြစ်ကြောင်း သိရသည်။

“အပန်းဖြေတဲ့ဧည့်သည်တွေက သိသိသာသာကို လျော့ကျနေတယ်။ ဘာလို့လည်းဆိုတော့ တင်းကျပ်တဲ့ အရင်လို စီးပွားရေးအခွင့်အလမ်းတွေ မကောင်းတော့တာကြောင့်လေ။ ဈေးနှုန်းအနည်းအငယ်လျော့ချပြီး ခရီးသွားတွေကို ဝန်ဆောင်မှုပေးနေတာတောင် ညအိပ်လာတဲ့ဧည့်သည်ကမရှိဘူး။ လာမယ့် သင်္ကြန်ကာလကို အခြေနေအစောင့်ကြည့်ပြီး အရင်လိုပဲဆိုရင်တော့ ခရီးသွားတွေကို ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေကို နားပါတော့မယ်။” ဟု ငွေဆောင်ကမ်းခြေရှိ ခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းမှ ကမ်းခြေများတွင် ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှု ဦးစီးဌာနက လုပ်ငန်းလိုင်စင် ထုတ်ပေးထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာအလုံးရေ ၁၂၄ လုံးအထိရှိပြီး ပုသိမ်မြို့နှင့် တခြားဒေသတွင် ၄၈ လုံး၊ ငွေဆောင် ကမ်းခြေတွင် ၃၇ လုံး၊ ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေတွင် ၃၉ လုံးအထိရှိကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ငွေဆောင်တွင် ခရီးသွားလုပ်ငန်းကို မှီခိုနေရသည့်လုပ်ငန်းများ အခက်အခဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.