ရန်ကုန်၊ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၏ တိုက်ခန်းတစ်ခု၌ ကလေးနှစ်ဦး တိုက်ပေါ်မှပြုတ်ကျကာ သေဆုံးခဲ့ရသည့်ဖြစ်စဥ်ကြောင့် အထပ်မြင့်တိုက်ခန်း များ၌နေထိုင်သည့် မိဘများအကြား စိုးရိမ်မှုပိုမိုလာခဲ့ကြောင်း သိရ သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်၊ ညနေ ၆ နာရီဝန်းကျင်ခန့်က ယုဇနဥယျာဉ်မြို့ တော်၊ (၉၂) ရပ်ကွက်၊ A ၁၀ လမ်းရှိ တိုက်ခန်းတစ်ခုတွင်၊ ခုနှစ်အရွယ်နှင့် တစ်နှစ်ကျော်အရွယ် မိန်းက လေးနှစ်ဦး တိုက်ပေါ်မှပြုတ်ကြကာ တစ်ဦးမှာ နေရာ၌ပင်သေဆုံးသွားခဲ့ပြီး၊ ကျန်တစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကြားမိလိုက်တာ ညနေ ၆ နာရီလောက်ကပဲ။ ကလေးနှစ်ဦးပြုတ်ကျတယ်ဆိုလို့။ ကြားကြားချင်း ရင်ထဲဆို့သွားတာပဲ။ ကိုယ့်မှာလည်း ကလေးရှိတဲ့အခါကျတော့။ ကိုယ့်ကလေးဆို ပြီးစိတ်နဲ့ နေ့လို့မကောင်းဘူး။ ကလေးတွေ သနားဖို့ကောင်းလိုက်တာ။” ဟု ယုဇနတွင်ဥယာဉ်မြို့တော်တွင်နေထိုင်သည့် မိခင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုဖြစ်စဉ်ကြောင့် ကလေးရှိသည့် အထပ်မြင့်တိုက်ခန်းနေ မိဘများမှာ အချင်းချင်းသတိပေးစကားများပြောကြားခြင်း၊ လူမှုကွန်ရက်မှတစ်ဆင့် သတိပေးစာရေးသားချင်းများ ပြု လုပ်လာကြသည်။
“ကျွန်မ အိမ်မှာသမီးလေးက ခြောက်နှစ်တော့ရှိပြီ။ ကလေးတွေကို တိုက်ခန်းအမြင့်မှာထားရတာ စိတ်တော့မချရဘူး။ ဒါပေမဲ့ ဂရုစိုက်ပြီးနေရတာပေါ့နော်။ တိုက်ရဲ့အနောက်ဖက် တွေကဆို ပြတင်းပေါက်ရှိတော့ သံဇကာတို့ဘာတို့ ကာထားရတာပေါ့။ အဲ့လိုမှ မကာထားရင် ကုတင်တို့မွှေ့ယာတို့ရှိရင် ပိုပြီးစိုးရိမ်ရတယ်။ အဲ့အပေါ်တွေကို တက်ဆော့ရင် ပြုတ် ကျမှာစိုးရတယ်။” ဟု မိခင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ တိုက်ခန်းပေါ်မှ ပြုတ်ကျသေဆုံးသွားသည့် ကလေးနှစ်ဦးကို ယနေ့ နေ့လည်တွင် ကျီစုသုဿန်သို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်၊ နံနက်ပိုင်းကတွင် ဒေါပုံမြို့နယ်၊ အထပ်မြင့်တိုက်ခန်း ၅ လွှာ၏ ဆန်းရှိတ်ပေါ်၌ ကလေးငယ်တစ်ဦး ငုတ်တုတ်ထိုင်နေသည်ကို မျက်နှာချင်း ဆိုင်တိုက်မှတွေ့ရှိပြီး အချိန်မီ သွားရောက်ကူညီနိုင်သည့်ဖြစ်စဥ်လည်း ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ဒီဇင်ဘာလကုန်ပိုင်းက အထပ်မြင့် ၇ လွှာတိုက်ခန်းမှ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဖခင်ဖြစ်သူအားနှုတ်ဆက်ရင်း ဝရံတာမှ အရှိန်လွန်ကာပြုတ်ကျခဲ့ပြီး ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-စီဂျေ
ငါးလွှာတိုက်ခန်းမှ ကလေးငယ်နှစ်ဦး ပြုတ်ကျသေဆုံးမှုကြောင့် အထပ်မြင့်နေ မိဘများအကြား စိုးရိမ်မှုပိုလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်