ငါန်းဇွန်မြို့နယ်၌ အငြိမ်းစား မူလတန်းကျောင်းအုပ်ဆရာကြီးတစ်ဦး ပစ်သတ်ခံရ

ငါးဇွန်၊ အောက်တိုဘာ ၂၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ရိုးကျေးရွာတွင် အငြိမ်းစား မူလတန်းကျောင်းအုပ်ဆရာတစ်ဦး အောက်တိုဘာ ၂၁ ရက်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံ များထံမှ သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည် အသက် ၆၀ ကျော်အရွယ် အငြိမ်းစားမူလတန်းကျောင်းအုပ်မှာ ဦးအောင်ဆန်း ဆိုသူဖြစ်ပြီး ပစ်ခတ်ခံရသည့်အတွက် ဦးခေါင်း၌ ကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာ၌ ‌သေဆုံးသွားခဲ့ကြောင်း သိရသည်။

” မနေ့ မနက်ရှစ်နာရီလောက်က သူ့နေအိမ်မှာ ပစ်သတ်ခံရတာ။ အမည်မသိ အမျိုးသားလေးဦးက ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်သွားတာ။ တစ်ခါတည်းသေသွားတယ်။ ဆရာကြီး အိမ်က ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ရိုးကျေးရွာမှာ ဆရာကြီးက မူလတန်းကျောင်းအုပ်(ငြိမ်း)ပါ။ ပြဿနာရှိတဲ့သူလည်း မဟုတ်ဘူး။ဘာကြောင့် သတ်သွားမှန်းလည်းမသိဘူး။” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ပြီး ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။

ငါးဇွန်မြို့၌ ပြီးခဲ့သည့် အောက်တိုဘာ ပထမအပတ်ကလည်း ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရခဲ့သေးကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ငါန်းဇွန်မြို့နယ်၌ အငြိမ်းစား မူလတန်းကျောင်းအုပ်ဆရာကြီးတစ်ဦး ပစ်သတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.