ရန်ကုန်၊ မေ ၂၀
မန္တလေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့်အဆောက်အအုံများကို လိုင်စင်ရအင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ကျရောက်သော (၆) မြို့နယ်အတွင်းရှိ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့်သတ်မှတ်ခံရသော အဆောက်အအုံပိုင်ရှင်များအနေဖြင့် မိမိတို့အဆောက်အအုံများ ပြန်လည်ပြင်ဆင်လိုပါက PE. RSE လိုင်စင်ရအင်ဂျင်နီယာများ၏ ထောက်ခံချက်ပါရှိရမည်ဖြစ်သည်။

“ ထောက်ခံချက်လုပ်ဖို့နေနေသာသာ ခုထိမဖြိုနိုင်သေးဘူး။ ပြန်ဆောက်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ဖြိုချတာတောင် ဘူဒိုဇာငှားရမ်းခမတတ်နိုင်လို့ မလုပ်နိုင်သေးဘူး။ ဖြိုချခက ဈေးအရမ်းကြီးတယ်” ဟု မန္တလေးတိုင်းဒေသကြီးမှ ငလျင်ဒဏ်သင့်အဆောက်အအုံပိုင်ရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆောက်အအုံ ပြန်လည်ပြင်ဆင်ခြင်းများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားသည်။
ထို့ပြင် အင်အားပြင်းငလျင်ကြီးလှုပ်ပြီး တစ်လကျော်ကြာသည်အထိ မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်အဆောက်အဦများကို အလုံးစုံမရှင်းလင်းနိုင်သေးကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ – #စုစု
#ယနေ့ခေတ်
ငလျင်ဒဏ်သင့်အဆောက်အအုံများ လိုင်စင်ရအင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်