ငလျင်ဒဏ်သင့်ဒေသများတွင် ယာယီစာသင်ကျောင်းများ တည်ဆောက်မည်

ရန်ကုန်၊ ၂၃ ဧပြီ

အင်အားပြင်းငလျင်ကြောင့် စာသင်ကျောင်းများ ပြိုကျပျက်စီးသွားသည့်ဒေသများတွင် ယာယီစာသင်ကျောင်းများ တည်ဆောက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ငလျင်ဒဏ်ခံကျောင်းများအနေဖြင့် နှစ်သုတ်တက်စနစ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ကလေးတွေအတွက်တော့ ပင်ပန်းတာပေါ့။ နှစ်ချိန်ကျောင်းဆိုတော့။ အခုကတော့ ကျောင်းတွေပြန်ဖွင့်ဖို့လုပ်နေတယ်။ ကလေးတွေပညာရေးအတွက် နှောင့်နှေးကုန်တာပေါ့။ ဆ ရာ၊ ဆရာမတွေလည်း ငလျင်ကြောင့် အသက်ပါသွားတဲ့သူတွေရှိတယ်။ ဒီတစ်ခေါက်ကျောင်းပြန်ဖွင့်ရင် ဆရာတွေလည်း မစုံတော့သလို ကျောင်းသားတွေလည်း မစုံတော့ဘူး” ဟု ကျောင်းဆရာမတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဇွန်လ ၂ ရက်နေ့တွင် အခြေခံပညာစာသင်ကျောင်းများအားလုံး ပြန်ဖွင့်မည်ဖြစ်သည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည် နယ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်ငလျင်ဒဏ်ကြောင့် စာသင်ကျောင်းပေါင်း ၂၀၀၀ ကျော် ပျက်စီးခဲ့ကာ၊ ငလျင်ဘေးသင့်သူလူဦးရေ ၄ ဒသမ ၃ သန်းကျော်သည် သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေးအပြင် ကူညီကယ်ဆယ်ရေးများ အရေးပေါ်လိုအပ်နေကြောင်း UNOCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု (ငလျင်ကြောင့် ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့မှ ပုဂ္ဂလိကစာသင်ကျောင်း)

#ယနေ့ခေတ်

ငလျင်ဒဏ်သင့်ဒေသများတွင် ယာယီစာသင်ကျောင်းများ တည်ဆောက်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.