ငလျင်ဒဏ်ခံခဲ့ရသည့် စဉ့်ကိုင်မြို့နယ်တွင် အကူညီများလိုအပ်နေ ဟုဆို

ရန်ကုန်၊ ဧပြီ ၁၀

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်အတွင်း အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဒေသခံအချို့ အကူအညီးများလိုအပ်နေကြောင်း သိရသည်။

မတ်လ ၂၈ ရက်နေ့က စဉ့်ကိုင်မြို့နယ်၊ ခံလူးကျေးရွာတွင် ၇.၇ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်လှုပ်ခဲ့မှုကြောင့် ဗလီတစ်လုံးနှင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ဒီနေရာက မန္တလေးနဲ့နည်းနည်းဝေးတော့ အလှူရှင်တွေသိပ်မရောက်ဘူး။ ငလျင်ကြောင့်ဗလီတစ်လုံးလုံး ဘာမှမကျန်အောင်ပျက်ဆီးသွားတယ်။ နေအိမ်က အနည်းငယ်ပဲပါတာ။ အခု စဉ့်ကိုင်မြို့၊ ခံလူးကျတော့ ဆင်းရဲသားတွေများတယ်။ ဗလီကလည်း တစ်လုံးလုံးနီးပါးပျက်စီးသွားတော့ လိုအပ်ချက်တွေက သေဆုံးသွားတဲ့မိသားစုတွေ ပြန်လည်ထူထောင်ဖို့ အလှူရှင်တွေလိုအပ်နေတာပါ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကြောင်း စဉ့်ကိုင်မြို့နယ်၊ ခံလူးကျေးရွာတွင် သေဆုံးသူလေးဦးရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မန္တလေးမြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နှင်းဆီခြံဗလီတွင် ဝတ်ပြုနေသည့် အစ္စလာမ် ဘာသာဝင် ၅၁ ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရှိသူ ၁၀ ဦးရှိခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ဒေသခံ

#ယနေ့ခေတ်

ငလျင်ဒဏ်ခံခဲ့ရသည့် စဉ့်ကိုင်မြို့နယ်တွင် အကူညီများလိုအပ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.