ငလျင်ကြောင့် ပျက်စီးသွားသည့် ‌စာသင်ကျောင်းများကို ဦးစားပေးပြုပြင်မည်

ရန်ကုန်၊ ဧပြီ ၂၀

အင်အားပြင်းငလျင်ကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းများကို ဦးစားပေးပြုပြင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့သည် အဆိုး ရွားဆုံးခံစားရခြင်းဖြစ်သည်။

“ ကျောင်းတွေကို ဦးစားပေးပြုပြင်သွားမယ်လို့ ကနဦးသိရတယ်။ ကျောင်းတွေက ဇွန်လဆိုတတ်ရပြီလေ။ အခုဆို အငယ်တန်း‌ကလေးတွေရဲ့ အောင်စာရင်းကိုတောင်မထွက်နိုင်သေးဘူး” ဟု အထက်တန်းပြကျောင်းဆရာမတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ်/အဆောက်အဦ ၆၅၀၉၆ လုံး၊ စာသင်ကျောင်း ၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ ၆၀၂၇ ဆူ၊ ဆေးရုံ /ဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂၀၃ ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နစကသတင်းပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ငလျင်ကြောင့် ပျက်စီးသွားသည့် ‌စာသင်ကျောင်းများကို ဦးစားပေးပြုပြင်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.