ငရုတ်ကောင်းမြို့၌ ရေစီးနှင့်မျောပါပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ နေအိမ်တစ်လုံး ရေစီးနှင့်မျောပါသွားခဲ့

ငရုတ်ကောင်း၊ စက်တင်ဘာ ၁၀

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင် အမျိုးသားတစ်ဦး ရေစီးနှင့်မျောပါ သေဆုံးခဲ့ပြီး၊ နေအိမ်တစ်လုံးလည်း ရေစီးနှင့်မျောပါသွားကြောင်း ဒေသခံ လူမှုကူညီ ရေးအဖွဲ့များထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာ ၉ ရက်က မိုးသည်းထန်စ္စာ ရွာသွန်းမှုကြောင့် တောင်ကျရေများ အဆက်မပြတ်ထိုးဆင်းလာပြီး တင်းချောင်းကျေးရွာအုပ်စု၊ ယောင်းယင်းကျေးရွာတွင် နေအိမ်တစ်လုံး ရေစီးနှင့်မျောပါသွားသည်။ ထို့အပြင် ရုတ်တရက်ရေစီးလာသည့်အချိန် လမ်းပေါ်တွင်ရှိနေသည့် အမျိုးသားတစ်ဦးမှာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ရေစီးနှင့်မျောပါသေဆုံးသူမှာ နေမျိုးထွန်းဆိုသူဖြစ်သည်။ ရေစီးနှင့်မျောပါသွားသည့် နေအိမ်တွင် မိသားစုဝင် ၆ ဦးနေထိုင်ပြီး လက်ရှိတွင် အကူအညီများလိုအပ်နေကြောင်း ဒေ သခံ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

” ရေစီးနဲ့မျောပါသွားတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို မနေ့ကညနေပိုင်းမှာ ပြန်တွေ့တယ်။ ရေစီးနဲ့မျောပါသွားတဲ့ နေအိမ်က မိသားစု ၆ ဦးကိုတော့ သူတို့ကို အိမ်ပြောင်းပေး ထားတယ်။ ရေစီးထဲအကုန်ပါသွားတော့ အခု အကူအညီလိုအပ်နေတယ်။ လူတွေအပြင်ရောက်နေလို့ ကံကောင်းတာ။ ရေကတော်တော် စီးနေတာ။” ဟု အထက်ပါပုဂ္ဂိလ်က ဆက်ပြောသည်။

ငရုတ်ကောင်းမြို့တွင် အဆက်မပြတ်ရွာသွန်းနေသည့် မိုးဒဏ်ကြောင့် တောင်ကျရေများ ကျဆင်းလာကာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ငရုတ်ကောင်းမြို့၌ ရေစီးနှင့်မျောပါပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ နေအိမ်တစ်လုံး ရေစီးနှင့်မျောပါသွားခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.