ငပလီမြို့၊ ပင်လယ်ကမ်းခြေတွင် သေဆုံးနေသည့် ကျွဲ၊ နွား ၉ ကောင် မျောလာ

ရန်ကုန်၊ အောက်တိုဘာ ၂

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေတွင် သေဆုံးနေသည့် ကျွဲ၊ နွားများ မျောပါလာကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ငပလီကမ်းခြေ၌ သေဆုံးနေသည့် ကျွဲ၊ နွား ၉ ကောင် ဒီရေတက်ချိန်တွင် ပင်လယ်၌မျောပါလာပြီး ကမ်းစပ်တွင် သောင်တင်နေကြောင်း သံတွဲ မီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့လည်း ဘာကြောင့်မျောလာတာလဲဆိုတာတော့ မသိဘူး။ ဒီရေအတက်နဲ့ မျောလာတယ်၊ ကမ်းခြေမှာ သောင်တင်နေတယ်ဆိုလို့။ စုစုပေါင်းတော့ လောလောဆယ် ၉ ကောင်တွေ့တယ်ဗျ။ မီသတ်တပ်ဖွဲ့ဝင်တွေလည်း မြှုပ်ဖို့တော့သွားကြတယ်။ သတင်းရတာတော့ ဒီနေ့ နေ့လည် ၁၂ နာရီခွဲလောက်မှာ သတင်းရတာ။ ပြည်သူတွေကနေ ကမ်းခြေမှာ နွားအသေကောင်တွေ တင်နေတယ်။ ပုတ်ပွနေတယ်ဆိုပြီးပြောလို့။ ရာသီဥတုကလည်း မိုးကဖွဲဖွဲလေးရွာနေတာဆိုတော့ ရာသီဥတုကြောင့်မဖြစ်နိုင်ဘူး။ တစ်ခြားဒေသကနေ သောင်တင်လာတယ်ဆိုတော့ ကျွန်တော်တို့လည်း ခန့်မှန်းလို့မရဘူးဗျ။” ဟု သံတွဲမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။

ကျွဲ၊ နွားများအား ဆယ်ယူမြေမြှုပ်နှံရေးအတွက် သံတွဲမီးသတ်စခန်းမှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-MFSD

#ယနေ့ခေတ်

ငပလီမြို့၊ ပင်လယ်ကမ်းခြေတွင် သေဆုံးနေသည့် ကျွဲ၊ နွား ၉ ကောင် မျောလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.