ငပလီကမ်းခြေခရီးစဉ်အပါအဝင် အခြားခရီးစဉ်များပါ ဖျက်သိမ်းမှုများရှိလာ

ရန်ကုန်၊နိုဝင်ဘာ ၂၄

ပြည်တွင်းခရီးသွားအများစုသည် တန်ဆောင်တိုင်ပိတ်ရက်အတွက် ကြိုတင်စီစဉ်ထားသည့် ငပလီကမ်းခြေခရီးစဉ်အပါအဝင် အခြားခရီးစဥ်များကိုပါ ဖျက်သိမ်းမှုများရှိလာ ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရ သည်။

တန်ဆောင်တိုင်ပိတ်ရက်အတွက် ငပလီအပါအဝင် ကမ်း‌ခြေ‌များ၊ အခြားသောခရီးစဉ်များကို ပိတ်ရက်မတိုင်ခင် ဟိုတယ်ဘိုကင်ကြိုတင်ယူမှု များပြားခဲ့သော်လည်း တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ခရီးစဉ်ဖျက်သိမ်းလာကြခြင်းဖြစ်ကြောင်း သိရသည်။

“ အဓိက,က ပြည်တွင်းကလူတွေ cancel လုပ်သွားကြတာများပါတယ်။ တန်ဆောင်တိုင်ပိတ်ရက် ခရီးသွားက သီတင်းကျွတ်ထက် ပိုများရမှာ။ အခုတော့ နည်းသွားတယ်။ အရမ်း ကြီး လူပြတ်သွားလောက်တဲ့အထိ မဟုတ်ပေမယ့် လျော့သွားတာပေါ့။” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ထို့ပြင် ဒေသတွင်း ငြိမ်းချမ်းမှုများမရှိခြင်းကြောင့် ပြည်တွင်းခရီးသွားများအပါအဝင် ပြည်ပခရီးသွား ဧည့်သည်များသည်လည်း ခရီးစဉ်ဖျက်သိမ်းမှုများ ရှိနေကြောင်း သိရသည်။

ခရီးသွားအေဂျင်စီများအနေဖြင့် ပြည်ပခရီးသွားဧည့်သည်များကို ခရီးစဉ်စရိတ်လျော့ချ၍ ရောင်းချမှုများလည်းရှိနေကြောင်း ၎င်းကဆိုသည်။

“ ခရီးစဉ်တွေကို Cancel ပြန်လုပ်သွားတဲ့ ခရီးသည်တွေရှိတယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ ငွေအပြည့်ပြန်အမ်းပေးပါတယ်။ ပုဂံလိုခရီးစဉ်တောင် ဖျက်သိမ်းတာတွေရှိတယ်။” ဟု ခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်‌ဦးက ပြောသည်။

#စုစု

ဓာတ်ပုံ – မောင်ဇော်

ပုံစာ- ချောင်းသာကမ်းခြေအား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်။

#ယနေ့ခေတ်

ငပလီကမ်းခြေခရီးစဉ်အပါအဝင် အခြားခရီးစဉ်များပါ ဖျက်သိမ်းမှုများရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.