ဂွနှင့် တောင်ကုတ်ကို ဆက်သွယ်ထားသည့် ဆပ်သွားချောင်းတံတား မိုင်းခွဲခံရသဖြင့် စစ်ဘေးရှောင်များ အခက်တွေ့

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များ အဓိကအသုံးပြုနေရသည့် ဂျိုင်ကောက်တံတား(ဆပ်သွားချောင်းတံတား) တိုက်ပွဲများအတွင်း မိုင်းခွဲဖျက်ဆီးခံရသဖြင့် ဒေသခံများအခက် အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ရခိုင်ပြည်၊ ဂွမြိုနယ်နှင့် တောင်ကုတ်မြို့နယ်ကို ဆက်သွယ်ထားပြီး ဧရာဝတီတိုင်းဘက်ကို ရခိုင်စစ်ဘေးရှောင်များ သွားလာရာတွင် အဓိကအသုံးပြုသည့် ဂျိုင်ကောက်တံတား(ဆပ်သွားချောင်းတံတား)သည် ဒေသတွင်းတိုက်ပွဲများကြောင့် နိုဝင်ဘာ ၁၄ ရက်က မိုင်းခွဲဖျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဂျိုင်ကောက်တံတား(ဆပ်သွားချောင်းတံတား)ကို မိုင်းခွဲခံရတာ။ ဘယ်အဖွဲ့ရဲ့လက်ချက်လည်းတော့ တိတိကျကျမပြောတတ်သေးပါဘူး။ အခု စစ်ရေးပြင်းထန်နေတာမို့ပါ။ စစ်ဘေးရှောင်တွေအတွက်တော့ တံတားအသုံးပြုစစ်ရှောင်ရဖို့ မလွယ်တော့ဘူး။ တိုက်ပွဲကလည်း အတော်ပြင်းထန်နေတယ်။” ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့ တက္ကသိုလ်အနီးတပ်စွဲထားသည့် နစကတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူထံမှ သိရသည်။

#ခန့်ခန့်

ဓာတ်ပုံ – MV

#ယနေ့ခတ်

ဂွနှင့် တောင်ကုတ်ကို ဆက်သွယ်ထားသည့် ဆပ်သွားချောင်းတံတား မိုင်းခွဲခံရသဖြင့် စစ်ဘေးရှောင်များ အခက်တွေ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.