ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်ရန် မိသားစုအားပေး

ဝါရှင်တန်၊ ဇူလိုင် ၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်မိသားစုက ဂျိုးဘိုင်ဒန်ကို ဒုတိယအကြိမ်တာဝန်ယူခွင့်ရရှိစေရန်အတွက် သမ္မတလောင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်စေလိုကြောင်း ပြောသည်။

ဂျိုးဘိုင်ဒန်သည် ပြီးခဲ့သောရက်ပိုင်းကျင်းပခဲ့သော စကားစစ်ထိုးပွဲတွင် ပြိုင်ဘက်ဒေါ်နယ်ထရမ့်လောက် စွမ်းရည်ပိုင်းကောင်းမွန်မှုမရှိသည့်အတွက် ဝေဖန်ပြစ်တင်မှုများဖြင့် ရင် ဆိုင်နေရကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်၏မိသားစုက ဂျိုးဘိုင်ဒန်သည် ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းကိုအနိုင်ယူရန် အကောင်းဆုံးသူတစ်ဦးဖြစ်ကြောင်း၊ ဂျိုးဘိုင်ဒန်အနေဖြင့် သမ္မတအဖြစ် နောက် ထပ်လေးနှစ်ခန့် ကောင်းကောင်းတာဝန်ယူနိုင်သေးကြောင်း ဆိုသည်။

နိုဝင်ဘာ ၅ ရက်နေ့တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်ခင် သမ္မတဂျိုးဘိုင်ဒန်၏မိသားစုများသည် အခက်ခဲပြဿနာများနှင့်ရင်ဆိုင်ခဲ့ရပြီး သားအကြီးဆုံးဖြစ်သူ ဟန်တာ ဘိုင်ဒန်သည် တရားရုံး၏ အပြစ်ရှိကြောင်းဆုံးဖြတ်ခြင်းကိုခံထားရသည်။

ဂျိုးဘိုင်ဒန်သည် အသက် ၈၁ နှစ်အရွယ်ရှိနေသည့်အတွက် ကျန်းမာရေးအခြေနေနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်လာစေခဲ့ကြောင်း သိရသည်။

စကားစစ်ထိုးပွဲတွင်လည်း ဂျိုးဘိုင်ဒန်၏ပုံစံက ဖရိုဖရဲဖြစ်နေခဲ့ပြီး၊ ပုံပျက်ပန်းပျက်ဖြစ်နေခဲ့ကြောင်း ဝေဖန်မှုများရှိလာခဲ့ရာ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲမတိုင်ခင် သမ္မတလောင်းအသစ်ကို ထပ်မံရွေးချယ်သွားဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီကို ကူညီထောက်ပံ့ပေးနေသူများကလည်း သမ္မတလောင်းအဖြစ် ဂျိုးဘိုင်ဒန်နေရာကိုအစားထိုးရန် တောင်းဆိုခဲ့သလို၊ ဂျိုးဘိုင်ဒန်ကို သမ္မတရာထူးမှဖယ်ရှားရန်တောင်းဆိုမှုများလည်းရှိနေသည်။

ကောင်းထက်ငွေ

aljazeera.com/news

ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်ရန် မိသားစုအားပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.