ဝါရှင်တန်၊ ဇွန် ၃၀
ဒီမိုကရက်တစ်ပါတီကို အားပေးထောက်ခံသာအလှူရှင်များသည် လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီကိုယ်စားပြုပြီး လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် ပါဝင်ယှဉ်ပြိုင်မည်ကို လိုလားနှစ်သက်ခြင်းမရှိဘဲ ဒိမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအမည်စာရင်းမှ ဖယ်ရှားပေးရန်လိုလားနေကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။
ရီပတ်ဘလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့်ပြုလုပ်ခဲ့သော စကားစစ်ထိုးပွဲအတွင်း ဂျိုးဘိုင်ဒန်၏ စွမ်းဆောင်ရည်များကို လိုလားနှစ်သက်ခြင်းမရှိသည့်အတွက် ကူညီထောက်ပံ့ပေးနေသည့်အုပ်စုများက သမ္မတလောင်းအမည်ပြောင်းလဲရန် တောင်းဆိုလာခဲ့ခြင်းဖြစ်သည်။
သြဂုတ်လအတွင်းကျင်းပမည့် ဒီမိုကရက်တစ်ပါတီ အစည်းအဝေးမတိုင်ခင် ဒီမိုကရက်တစ်ပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် ကူညီထောက်ပံ့ပေးသည့်အုပ်စုများကြား သမ္မတ လောင်းနေရာအစားထိုးရန် ဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။
စကားစစ်ထိုးပွဲအတွင်း ဂျိုးဘိုင်ဒန်၏ပြုမှုနေထိုင်ပုံစံနှင့် ကျန်းမာရေးအခြေနေများက ဖရိုဖရဲဖြစ်နေခဲ့ပြီး၊ ဒီမိုကရက်တစ်ပါတီကိုအားပေးသူများ စိတ်ပျက်စေခဲ့ကြောင်း သိရသည်။
ဒီမိုကရက်တစ်ပါတီကို ကူညီထောက်ပံ့ပေးနေသူများသည် ဂျိုးဘိုင်ဒန်၏အခြေနေများကို နှစ်သက်မှုမရှိသည့်အတွက် စိတ်ဆိုးနေကာ ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
ဒီမိုကရက်တစ်ပါတီဝင်များနှင့် ပါတီကိုအားပေးထောက်ခံသူများက ဒီမိုကရက်တစ်ပါတီ၏ တစ်ခုတည်းသောမျှော်လင့်ချက်သည် ဂျိုးဘိုင်ဒန်နေရာကို အခြားသူတစ်ဦးနှင့် အစား ထိုးရန်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ဒီမိုကရက်တစ်ပါတီ၏ ဆန်ဖရန်စစ်စကိုမြို့မှ အဓိကကူညီထောက်ပံ့ပေးခဲ့သူတစ်ဦးဖြစ်သူ မက်ဘူလ်က ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မည့် သမ္မတလောင်းနေရာကို အစားထိုးမည် ဆိုလျှင် အသစ်ရွေးချယ်ခံရမည့် ကိုယ်စားလှယ်လောင်းအတွက် ထောက်ပံ့ငွေအများအပြားရရှိစေရန် ကူညီပေးမည်ဟု ပြောသည်။
ကောင်းထက်ငွေ
foxnews.com
ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းအမည်စာရင်းမှ ဖယ်ရှားပေးရန် ဒီမိုကရက်တစ်ပါတီအားပေးထောက်ပံ့ပေးသူများ လိုလားနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်