ဂျိုးဘိုင်ဒန်ကို သမ္မတရာထူးမှနုတ်ထွက်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပထမဆုံးအကြိမ် တောင်းဆို

ဝါရှင်တန်၊ ဇူလိုင် ၃

အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ရာထူးမှဆင်းပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

တက်ဆက်ပြည်နယ်မှ ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ လွိုင်ဒေါ့ဂက်သည် ဂျိုးဘိုင်ဒန်ကို ရာထူးမှနုတ်ထွက်ရန် လူသိရှင်ကြားတောင်းဆိုခဲ့သော ပထမ ဆုံးလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်နှင့်ပြုလုပ်ခဲ့သော စကားစစ်ထိုးပွဲအတွင်း ဂျိုးဘိုင်ဒန်၏အပြုအမှုနှင့် ကျန်းမာရေးအခြေနေကို မေးခွန်းထုတ်မှုများလာခဲ့ပြီး သမ္မတလောင်းအဖြစ်မှ နုတ်ထွက်ရန်၊ သမ္မတရာထူးမှဖယ်ရှားရန် စသောတောင်းဆိုချက်များ ကျယ်ပြန့်လာခဲ့ကြောင်း သိရသည်။

တက်ဆက်ပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ်က သမ္မတဂျိုးဘိုင်ဒန်သည် ရာထူးမှနုတ်ထွက်ရန် ခက်ခဲ့သောဆုံးဖြတ်ချက်မျိုး ချမှတ်သင့်သူတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ဝေဖန်ထားသည်။

၎င်းက “ ကျွန်တော်ကတော့မျှော်လင့်နေတယ်။ သမ္မတဂျိုးဘိုင်ဒန်ဟာ ရာထူးကနုတ်ထွက်ဖို့ ဆုံးဖြတ်ချက်တွေကို ခက်ခက်ခဲခဲလုပ်ဆောင်သင့်တယ်လို့ထင်တယ်။ ကျွန်တော်အနေနဲ့ ဂျိုးဘိုင်ဒန်ကို ရာထူးကနုတ်ထွက်ပေးဖို့ လေးစားစွာနဲ့တောင်းဆိုပါတယ်။” ဟု ပြောသည်။

ဂျိုးဘိုင်ဒန်သည် လက်ရှိအချိန်တွင် အသက် ၈၁ နှစ်အရွယ်ရှိနေရာ ကျန်းမာရေးအခြေနေနှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုမြင့်တက်လာနေပြီး ဂျိုးဘိုင်ဒန်၏ အားနည်းသောစွမ်း ဆောင်ချက်များက ၎င်းကိုအားပေးထောက်ခံသူများကို စိတ်ပျက်မှုများဖြစ်လာစေခဲ့ကြောင်း ၎င်းကပြောသည်။

ဂျိုးဘိုင်ဒန်သည် နိုဝင်ဘာလအတွင်းကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသော်လည်း လက်ရှိအ ချိန်တွင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ်မှ ထုတ်ပယ်ရန် တောင်းဆိုမှုများရှိလာနေကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ဂျိုးဘိုင်ဒန်ကို သမ္မတရာထူးမှနုတ်ထွက်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပထမဆုံးအကြိမ် တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.