ဂျပန်ပြည်ဝင်ခွင့်ဗီဇာအတွက် တယ်လီဖုန်းဖြင့်ရက်ချိန်းရယူခြင်း ခေတ္တရပ်နား၊ အီးမေးလ်ဖြင့်သာ လက်ခံဆောင်ရွက်မည် ဟုဆို

ရန်ကုန်၊ မတ် ၁

ဂျပန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူ များပြားနေသည့်အတွက် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တရပ်နားထားမည်ဖြစ်ပြီး အီးမေးလ်ဖြင့်သာလက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်ရှိ ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။

လျှောက်ထားသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေရန် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တခဏရပ်နားထားပြီး၊ လတ်တလောတွင် အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိသည့်အတွက် နားလည်ပေးနိုင်ရန် သံရုံးကမေတ္တာရပ်ခံထားသည်။

“ အီးမေးလ်နဲ့ပဲ ကြိုတင်ရက်ချိန်းကို လက်ခံမယ်ဆိုတော့ အဆင်မပြေဘူး။ သူတို့ကအီးမေးလ်ကိုစစ်အုံးမှလေ။ ဖုန်းနဲ့ရက်ချိန်းယူတာတောင် တော်တော်နဲ့မရတာ။ မလွယ်ကူဘူး။” ဟု ဂျပန်တွင်သွားရောက်အလုပ်လုပ်မည့်သူတစ်ဦးက ပြောသည်။

ထို့ပြင် အီးမေးလ်ဖြင့် ကြိုတင်ရက်ချိန်းရယူရန်အတွက် သတ်မှတ်ထားသည့် URL တွင်ကြည့်ရှုနိုင်ပြီး အီးမေးလ်ကို အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်ကာ တယ်လီဖုန်းဖြင့် ပြည်လည်ရက်ချိန်းရယူနိုင်မည့်အချိန်ကို ထပ်မံအသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံမှ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူအရေအတွက် များပြားနေခြင်းကြောင့် ဗီဇာလျှောက်ထားရာတွင် ယခင်လူကိုယ်တိုင်တန်းစီစနစ်ကို ဖျက်သိမ်းပြီး အွန်လိုင်းမှတစ်ဆင့် ဗီဇာရက်ချိန်းရယူခြင်းကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

စုစု

ဓာတ်ပုံ – CJ

ဂျပန်ပြည်ဝင်ခွင့်ဗီဇာအတွက် တယ်လီဖုန်းဖြင့်ရက်ချိန်းရယူခြင်း ခေတ္တရပ်နား၊ အီးမေးလ်ဖြင့်သာ လက်ခံဆောင်ရွက်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.